အပိုင်း - ၃၃ ( Zawgyi + Unicode )

18.9K 2.3K 47
                                    

#For Zawgyi

သူ့စိတ်ကပဲထင်နေလို့လားမသိ ။ မနက် စ,တွေ့ကတည်းက အသာ့မျက်နှာလေးဟာ ခပ်နွမ်းနွမ်းနှင့် အပြုံးတွေကတောင် အသက်မပါလိုမျိုး သူ့စိတ်ထဲမှာ ခံစားနေရသည် ။

ဒီကလေးလည်း သူ့အဘွားစီစဉ်တဲ့ သူ့အစ်မနဲ့ကိစ္စကြောင့် စိတ်ထွေနေတယ်ထင်ပါရဲ့ ။ ဒါကြောင့် သူလေး စိတ်ပျော်ပါစေတော့ရယ်လို့ လုပ်ချင်သမျှအရာအားလုံးကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေသည့်ကြားကတောင်မှ ဒီကလေးအသွင်သဏ္ဍာန်ဟာ လန်းဆန်းမလာ ။

နှုတ်ခမ်းတွေက ဘယ်လောက်ပဲ ပြုံးပြုံး မျက်လုံးတွေမှာ အသက်ပါမနေတာကို ဒီကလေးအား နင့်နေအောင်ချစ်တဲ့ သူက မရိပ်မိဘဲ နေပါ့မလား ။

မိသားစုအရေးကြောင့် သူတို့နှစ်ယောက်ပတ်သက်မှုကို ရှေ့ဆက်ဖို့ ဒီကလေးလေးဘက်က စိုးရွံ့နေမှန်းလည်း သူသိပါသည် ။ ခုရှုပ်မှ နောင်ရှင်း ဆိုသည့် သဘောမျိုးနဲ့ သူတို့နှစ်ယောက်အခြေအနေကို လူကြီးတွေအား ဖွင့်ပြောပြလိုက်ချင်ပေမယ့်လည်း အသာ့ကို မိသားစုတွင်းမှာ နေရထိုင်ရခက်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ သူ့ဘက်က ချက်ချင်းကြီး အဆောတလျင် လုပ်မပစ်ရဲသေးတာဖြစ်သည် ။

နဂိုကမှ မိသားစုတွင်းမှာ မျက်နှာကောင်းမရတဲ့ကလေးဟာ ဒီလိုအခြေအနေတစ်ခုမှာ သတ္တိမမွေးနိုင်သေးတာကိုလည်း သူ အပြည့်အဝ နားလည်ပါသည် ။ ဒါ့ကြောင့်လည်း ဒီကလေးလေး သတ္တိရှိလာအောင် အချိန်တစ်ခုယူကာ တဖြည်းဖြည်း အားပေးသွားဖို့ ဆုံးဖြတ်ထားမိတာ ဖြစ်သည် ။

အခုလည်း ဘေးမှာ ခပ်ငြိမ်ငြိမ်လေးရှိနေသည့် မျက်နှာနွမ်းနွမ်းနှင့် ကလေးငယ်အား စောင်းငဲ့ကြည့်ရင်း

" ကဲ ဘယ်ကိုထပ်ပြီးသွားချင်သေးလဲ ကလေးလေး "

" ညနေတောင် စောင်းလာပြီနော် ၊ ခဏနေရင် မိုးချုပ်တော့မယ် ၊ ဒီနေ့ကျမှ အချိန်ကုန်တာက ပိုမြန်နေသလိုပဲ အကိုရယ် "

" အိမ်ပြန်ချင်လာပြီလား ကိုယ့်ကလေးက "

" ဟင့်အင်း မပြန်ချင်သေးပါဘူး "

" ဒါဆို ဘယ်သွားချင်လဲ.... "

" အမြန်လမ်းပေါ်မှာ ကားသွားမောင်းရအောင် အကို "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now