Extra - 1 ( Zawgyi + Unicode )

26.8K 2.3K 287
                                    

#For Zawgyi

မျက်နှာပေါ်ကျလာတဲ့ အလင်းရောင်ခပ်စူးစူးကြောင့် မှိတ်ထားတဲ့ မျက်လုံးတွေကို အားတင်းပြီး ဖွင့်ကြည့်မိသည် ။

သူ ဘယ်ရောက်နေတာပါလိမ့် ။ အိပ်ချင်မူးတူးနှင့်မို့ လက်ရှိအခြေအနေကို ရုတ်တရက် စဉ်းစားမရ ။ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ အိပ်ချင်လက်စ,စိတ်တွေပျောက်ကာ မျက်လုံးအစုံက ပြူးကျယ်သွားတော့သည် ။

ဒါ အကိုနဲ့သူနဲ့ရဲ့ အိပ်ခန်းပဲ ။ မနေ့က မင်္ဂလာဆွမ်းကျွေးပြီးတော့ ညက.....ညက....။ ဟာ... မင်္ဂလာဦးညကြီးမှာ သူ အိပ်ပျော်သွားတာလား ။ ညတုန်းက အကိုနဲ့တူတူ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ဝိုင်သောက်ကြသေးသည်လေ ။ ပြီးတော့ စကားတွေလည်း အများကြီးပြောဖြစ်ကြသည် ။

နောက်တော့... နောက်တော့...အားးး!!! သူ အိပ်ပျော်သွားတာထင်သည် ။ အဲ့ဒီနောက်ပိုင်း ဘာကိုမှစဉ်းစားမရတော့ချေ ။

ဟာကွာ... မင်္ဂလာဦးညကြီးမှာ အိပ်ပျော်သွားရတယ်လို့ ။ အခုလက်ရှိ ကုတင်ထက် စောင်ပုံထဲကနေ နိုးလာပုံထောက်တော့ အကိုကပဲ သူ့ကို ကုတင်ပေါ် တင်ပေးထားတာဖြစ်ရမည် ။

ဒုက္ခပါပဲ ထင်းထင်သာရာ ။ အကို့ကို အားနာစရာကောင်းလိုက်တာ ။

အကိုများစိတ်ဆိုးသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အခန်းထဲကို မဝံ့မရဲပတ်ကြည့်ပေမယ့်လည်း အကို့အရိပ်အရောင်ကို မတွေ့ရ ။

အကိုက တကယ်ကြီးများ သူ့ကို စိတ်ဆိုးသွားပြီလားမသိ ။

ငူငူငေါင်ငေါင်နှင့် ဘာလုပ်ရမှန်းမသိဖြစ်နေစဉ်

ချောက်...

အခန်းတံခါးပွင့်လာသံကြောင့် ကမန်းကတန်းလှည့်ကြည့်မိတော့

" အကို... "

သူ့ခေါ်သံက မဝံ့မရဲနှင့် တိမ်ဝင်နေသည် ။ အကိုကတော့ ဘာမှမထူးခြားသည့်အလား သူ့ကိုပြုံးရယ်ရင်းက

" ကလေးလေး နိုးနေပြီလား "

" ဟုတ် "

" ဒါဆို မျက်နှာသစ် သွားတိုက် လုပ်တော့ ၊ ကိုယ် breakfast စားဖို့ ထမင်းကြော်ထားတယ် ၊ ကလေးအကြိုက် ကြက်ဥကြော်အနှစ်မကျက်တကျက်လေးနဲ့ "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now