အပိုင်း - ၂၀ ( Zawgyi + Unicode )

20.8K 2.5K 62
                                    

#For Zawgyi

" ဘာာာာာ...!!!!!!!!! "

မေမွန့်အမေးစကားတစ်ခွန်းဟာ သူ့ငယ်ထိပ်ကို မိုးကြိုးအစင်းစင်း ပစ်ခွင်းချလိုက်သလို ။

အလန့်တကြား ထအော်လိုက်မိတဲ့ သူ့အသံကြောင့် ခပ်လှမ်းလှမ်းမှ အသာကပင် သူတို့ထံ စူးစမ်းသလို လှမ်းကြည့်လာသည် ။

အသာ့အကြည့်ကြောင့် လူက ပိုပြီး တုန်တုန်လှုပ်လှုပ်ဖြစ်ရသည် ။ အခြေအနေကို ထိန်းတဲ့သဘောနဲ့ မေမွန်က သူ့လက်ကို ဆွဲပြီး ခြံဝိုင်းအပြင်ဘက်သို့ ခေါ်ထုတ်လာခဲ့ကာ

" ငါတို့ လမ်းနည်းနည်းလောက် လျှောက်ရအောင် ဆက်စေရာ "

သူ့စိတ်ကို သူ တည်ငြိမ်ခြေရအောင် မနည်းကိုလုပ်ယူနေရသည် ။

" မေမွန် နင်...နင်ဘာလို့ ငါ့ကို ဒီလိုမေးခွန်းမျိုး လာမေးရတာလဲ ၊ ငါ့ကို ခြောက်နေတယ်လို့ ထင်လို့လား ၊ ဟုတ်လား ဟမ်....ပြောစမ်းပါ "

" ဟာ ဟာ ဆက်စေ No No ၊ ငါမေးတာ အဲ့လိုသဘော လုံးဝမဟုတ်ဘူး ၊ နင့်စိတ်ကို နည်းနည်းလျှော့ Relax Relax.... "

" ဒါဆို ဘာလို့လဲ ဘာလို့လဲလို့...မေမွန်ရဲ့ "

" ဆက်စေ....နင်က ငါ့အချစ်ဆုံးသူငယ်ချင်းပါဟာ ၊ နင့်အပေါ်ထားတဲ့ ငါရဲ့ မေတ္တာကို နင်ယုံတယ်ဆိုရင် ငါပြောတာတွေကို စိတ်ရှည်လက်ရှည် နားထောင်ပြီး ငါနဲ့အတူ ဆွေးနွေးပေး "

ဘာတွေ ဘယ်လို ဖြစ်ကုန်တာလဲကွာ ။

" ပထမဆုံး ပြောချင်တာက ငါ ဒီမေးခွန်းကို စမေးမိတာဟာ Negative သဘောဆောင်ပြီး မေးတာမဟုတ်ဘူးဆိုတာတော့ နင်ယုံပေး ဆက်စေ ၊ နင်ကတော့ ကာယကံရှင်မို့ ကိုယ့်ကိုယ်ကို ပြန်မမြင်နိုင်ပေမယ့် နင် အသာလေးအပေါ်ထားတဲ့ စိတ်ကို ဘေးက ငါတို့က အကုန်မြင်နေရတယ် "

" အသာက ငါငယ်ငယ်ကတည်းက ထိန်းခဲ့ရတဲ့ကလေးမို့ သံယောဇဉ်ရှိတာလို့ နင့်ကို ငါပြောပြီးပြီလေ "

" အေး...အဲ့ဒီသံယောဇဉ်တွေနဲ့ရောနေလို့ကို နင်က နင့်ကိုယ်နင် မသိဘူး ဖြစ်နေတာ ၊ ဘာလို့ငါက အဲ့လိုဖြစ်ရမှာလဲဆိုတဲ့ တစ်ဖက်ပိတ် တဇွတ်ထိုး အတွေးမျိုးကို မတွေးဘဲ ငါ့ကိုယ်ငါဆိုတဲ့ အတ္တကိုခွာပြီး ဘေးအမြင်အနေနဲ့ သေချာစဉ်းစားသုံးသပ်ကြည့် "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now