စာစဉ် ၄၄ (၇-၁၄)

Start from the beginning
                                    

စံပယ် ကို ရိုက်ကူးမည့် ဒါရိုက်တာ ဖန့် ယွမ်ဟူမှာ နှစ်ဝက်ကြာအောင် အမျိုးသမီးသရုပ်ဆောင်ကို မရသေး ဟူသည့်ခေါင်းစဉ်ဖြစ်သည် ။ ထိုသတင်းထဲတွင် ဒါရိုက်တာ ဖန့် သည် အနုပညာကျောင်းကြီးများမှ အလားအလာရှိသည့် သရုပ်ဆောင်သစ်တွေကို ခေါ်ယူမည်ဖြစ်ကြောင်း ရေးသားထားလေသည်….

“….ဖန့် ယွမ်ဟူ…စံပယ်…”

ရီဝမ်ဝမ် မှတ်ဥာဏ်တွေကို ပြန်ခေါ်ကြည့်လိုက်သည် ။

ထိုရုပ်ရှင်မှာ နာမည်ကြီးနိုင်သည့်ရုပ်ရှင်ပင် ။

ဖန့် ယွမ်ဟူနှင့် ပတ်သက်ပြီး ဘာမှပြောစရာအကြောင်း မရှိပေ - အနုပညာလောကတွင် သတင်းမွှေးလှသူ ဖြစ်၏ ။ ဖန့်  အဘိုးသည် ထိုက် တောင်တန်းလို နာမည်သတင်းကြီးပြီး ခုနစ်စင်ကြယ်လို နာမည်သတင်း ထွန်းလင်းတောက်ပနေသူ ဖြစ်သည် ။
သူ ရိုက်ကူးလိုက်သည့် ဇာတ်လမ်း တိုင်းသည် နိုင်ငံတွင်းရော၊ နိုင်ငံပြင်ပမှာပါ ဆုတို့  ဆွတ်ခူးရရှိသည်ချည်း သာ ။ သူသည် တရုတ်ပြည်တွင်းက အဆက်ဆက်ပြောင်းလဲလာသည့် ရုပ်ရှင်လောကကြီးကိုပါ မှီလာခဲ့သူပင် ။

သို့ သော်…ဖန့် ယွမ်ဟူ၏ စံပယ် ဇာတ်ကားသည် ပြသနာအတိ၊ ကံဆိုးမှုအတိ ဖြစ်လို့ နေ၏ ။

ဖန့် ယွမ်ဟူသည် အလုပ်လုပ်ရာတွင် စည်းကမ်းသေ၀ပ်သူဖြစ်ပြီး အလုပ်တိုင်းကို အလွန်တရာတန်ဖိုးထားသူ ဖြစ်သည် ။ ထို့ ကြောင့် ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန် လျော့တိလျော့ရဲ မလုပ်ခဲ့ဖူးပေ ။

သူမ၏အတိတ်ဘ၀တုန်းက…
ဖန့် ယွမ်ဟူသည် စံပယ်ဇာတ်လမ်းအတွက် သင့်လျော်သည့် မိန်းကလေးသရုပ်ဆောင်ကို နှစ်နှစ်တိုင်အောင်ပင် ရှာမတွေ့ ခဲ့ပေ ။
သို့ နှင့် ထို စံပယ် ဇာတ်ကားမှာ သူ သေသွားသည်အထိ ရိုက်ဖြစ်ခဲ့ခြင်း မရှိလိုက် ။

အရင်ဘ၀တုန်းက ရီဝမ်ဝမ် ဖတ်မိခဲ့သည့်ဆောင်းပါး တစ်ပုဒ်ထဲတွင် ဖန့် ယွမ်ဟူသည် အိပ်ရာထဲတွင် လဲနေရင်း ထို စံပယ် ဇာတ်လမ်း မထွက်ဖြစ်ခဲ့ခြင်းအတွက် နောင်တအကြီးအကျယ်ရခဲ့ကြောင်း ထည့်သွင်းပြောကြား သွားခဲ့လေသည် ။

အကယ်၍သာ အရင်က သူ ထိုဇာတ်ကားကို အောင်အောင်မြင်မြင် ရိုက်ကူးဖြစ်ပါလျှင် နောက်ထပ်ဂန္တ၀င်တွင်သွားဦးမည်မှာ အသေချာပင် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now