စိုင်းလဲ မသက်သာတဲ့အဆုံး လင်းကိုသာ သွားခေါ်ဖို့ဆုံးဖြတ်လိုက်တယ်။ လင်းဆီသို့ ဦးတည်သွားသော ခြေလှမ်းများမှာ မတတ်ကြွသော်လဲ ရှောက်ဖယ်လို့လဲမရဘူးလေ။
လင်းကိုတော့ မိမိအပြစ်မပြောချင်ရှာပါဘူး။

လင်းတစ်ယောက် ထိုင်ခုံမှာသာထိုင်နေတာ အောက်ကိုငုံ့ပြီး လက်နှစ်ဖက်မှ လက်သည်းများအား ပွတ်တိုက်နေတယ်။
"လင်း ထ။ အကိုနဲ့လိုက်ခဲ့။"

စိုင်း၏ စကားသံကြားမှ လင်းကိုယ်လေး တွန့်သွားပြီး အလျင်အမြန်မော့ကြည့်လာသေး။
"လာလေ။"

"ဟုတ်...ဟုတ်ကဲ့။"
ရောက်နှင့်သော လူကြီးများလဲ စကားပြောကြတာမို့ ပွဲလေးက တစ်မျိုး စည်ကားနေတယ်။

ထိုချိန် ခန်းမတံခါးကြီးပွင့်လာပြီး လူ၃ယောက်တစ်ပြိင်ထဲ ဝင်လာသည်။ တစ်ယောက်က မိုးပြာဝမ်းဆက်ကို ဝတ်ဆင်ထားပြီး ခန့်ညားနေတယ်။ တစ်ယောက်က အဖြူလေးကို ဝတ်ဆင်ထားပြီး အပြစ်ကင်းဆင်သော အပြုံးတစ်ပွင့်ကို ဆင်မြန်းထားတယ်။

နောက်ဆုံးတစ်ယောက်ကတော့ ထိုလူသားနှစ်ယောက်၏ အလည်တွင် လေးနှစ်အရွယ် အဖြူကလေးဝတ်ဆင်ထားသော ကလေးငယ်လေးဖြစ်သည်။

သူတို့ကိုမြင်မြင်ချင်း နှင်းတစ်ယောက် သူတို့အနားသို့သွားပြီး "ရတုရယ် နောက်ကျလိုက်တာ...မနှင်းက မလာဘူးလို့တောင်ထင်နေတာ။"

"Sorryမနှင်း။ Danielလေးကို မေမေ့အိမ်မှာသွားခေါ်နေလို့။"
မနှင်းလဲ Danielလေးကို လှမ်းကြည့်ပြီး မြင်မြင်ချင်းချစ်သွားတယ်။

"ဟုတ်သားပဲ။ကြည့်ပါဦး။ ရတုသားလေးက ချစ်စရာလေးနော်။ သားနာမည်က Daniel တဲ့လား။ လာပါဦး အန်တီ့ဆီ"
နှင်းက လက်ကမ်းပေးလိုက်တော့ Daniel လေးလဲ အလိုက်တသိနှင်းအနားကိုသွားလိုက်တယ်။

"Daniel နှုတ်ဆက်လိုက်လေ။"
"မင်္ဂလာပါ အန်တီ.."
"မင်္ဂလာပါရှင်...လာ..ရေခဲမုန့်သွားစားရအောင်။"

"ဟုတ်...။"
နှင်းက Danielလေးလက်ကိုဆွဲပြီး မုန့်တွေရှိရာဆီသို့ ဦးတည်သွားတယ်။

ရတုလဲ ကြည့်ရင်းပြုံးမိနေသေး။ နောက်တော့ ဘေးဘက်သို့ ဝေ့ကြည့်လိုက်ချိန်မှာတော့ စိုင်းနှင့်လင်းတို့ကို တွေ့ပြီး ခဏမျှတော့ ငူငိုင်သွားမိသေး။ ဘေးက နှိုင်းက လက်တို့လိုက်မှ အသိပြန်ဝင်ခဲ့သောရတု။

Can't Lie (Unicode & Zawgyi)Where stories live. Discover now