🐰 Episode - 8 🐹

Start from the beginning
                                    

ထိုမြင်ကွင်းလေးကို ကြည့်နေတဲ့ Taehyung အမေ
မှာလဲဝမ်းနည်းမှုတွေနဲ့အတူ..ဒီကလေးနှစ်ယောက်
ဘယ်လောက်ထိချစ်လဲဆိုတာ သူမကိုယ်တိုင်သိသည်။

ဘယ်လောက်မှမကြာ အိမ်ထဲက Jungkook ချက်
ချင်းပြန်ထွက်လာတာကြောင့် Taehyung မျက်
ရည်တွေအမြန်သုတ်လိုက်ပြီး ကားနားကနေ ဖယ်ပေးလိုက်သည်။

Jungkook ကားထဲမဝင်ခင် မျက်လုံးအကြည့်
ရောက်သွားသည်က ထိုနေရာနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ခဲရောင်ကားလေး..

"Jimin Hyung လား"

Jungkook လဲ မဟုတ်လောက်ပါဘူးဆိုပြီး အမှတ်တမဲ့နဲ့သာ ကားထဲဝင်ဖို့ပြင်လိုက်၏။

"ဟို....Hyung ကို ဂရုစိုက်ပေးပါ...တောင်းဆို
ပါတယ်...တစ်နှစ်ပါပဲ....."

ကားထဲဝင်တော့မယ့်ဆဲဆဲ Taehyung စကား
ကြောင့် Jungkook ကြည့်လိုက်ပြီးမှ ခေါင်းညိမ့်
ရင်းအဖြေပြန်ပေးလိုက်သည်။

ပြီးမှ ခြံရှေ့ကထွက်သွားတဲ့ ကားလေးကို Taehyung ငေးကြည့်ရင်း..သူ့ကိုလာနှစ်သိမ့်ပေး
တဲ့ အမေ့ရင်ခွင်ထဲ Taehyung ရှိုက်ကြီးတငင် ငိုကြွေးသည်။

"သားဘယ်လိုလုပ်ရမလဲ အမေ..သား..သား သူ့အတွက်..အီးဟီး..."

"သားကသူ့အတွက် အစစအရာရာလုပ်ပေးချင်
နေပေမယ့် သူကသူ့မိသားစုအတွက် လုပ်နေရ
တာလေ...မငိုပါနဲ့ကွယ်..."

အမေ့ရင်ခွင်ထဲမှာ Taehyung ကလေးတစ်ယောက်လို ရှိုက်ငိုနေလေသည်။

သူတို့မသိလိုက်တာကတော့ နေရာခပ်လှမ်းလှမ်း
မှာရပ်ထားတဲ့ ကားပေါ်ကနေဝမ်းနည်းမှုနဲ့အတူ ငေးကြည့်နေတဲ့ ကောင်လေး..

"မင်းသူ့ကို အဲ့လောက်တောင် ချစ်တာပဲလား Taehyung ရယ်..."

.
.
.
.
.

ဒုန်း....ဒုန်း....💥💥

လမ်း​ကွေ့တစ်ခုကို ကားကွေ့လိုက်တာနဲ့ ထွက်လာ
သော အသံ...ထိုအသံဟာ အိပ်မက်ကမ္ဘာထဲရောက်
နေတဲ့ Seokjin ခေါင်းနဲ့ ကားမှန်နဲ့ မိတ်ဆက်နေခြင်းပင်..

"ကျစ်......"

ထိုအသံတွေကို မကြားနိုင်တဲ့ သူကဘဲ ကားကိုလမ်း
ဘေးထိုးရပ်လိုက်သည်။ပြီးမှ ကိုယ်လေးကိုင်းပြီး Seokjin ခေါင်းလေးကို ဖြည်းဖြည်းချင်းဆွဲယူလိုက်
တော့ သူ့ပုခုံးပေါ် Seokjin ခေါင်းလေးအလိုက်သင့်
ကျလာသည်။

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now