🐰 Episode -20 🐹

3.3K 363 52
                                    

ZAWGYI

"Jungkook..ဒီလို အခန်းထဲပဲ အောင်းနေတော့မလို့လား...အပြင်လေးဘာလေး မထွက်တော့ဘူးလား..ဟမ်.."

(၂) ရက်ရှိပြီ...Jungkook ထိုအခန်းထဲမှာဘဲ နေနေတာ..ထမင်းစားဖို့ခေါ်လဲ ထွက်မလာတာ
ကြောင့် တစ်အိမ်လုံးက စိတ်ပူနေရသည်။
Jimin တစ်ယောက် အခန်းပြင်ကနေ စိတ်ပူစွာ
ပြောနေပေမယ့်လဲ အခန်းထဲက အပ်ကျသံပင် ထွက်မလာချေ။

"သား Jimin...company သွားတော့မလို့လား"

"ဟုတ်တယ် မေမေ...မေမေရော company လိုက်မလို့လား"

"အွန်း..လိုက်ရမှာပေါ့"

"ဒါနဲ့ Jungkook ကို ဒီတိုင်းပဲ ထားတော့မှာလား"

"သူတစ်ယောက်ထဲ နေချင်ဦးမယ် ထင်လို့ပါ...
သော့အပိုနဲ့ ဖွင့်လို့ရပေမယ့်လဲ သူ့ကိုစဉ်းစားစေ
ချင်သေးတယ်"

"ဘာမှမစားမသောက်ဘဲနဲ့ သူဒုက္ခရောက်သွားလိမ့်
မယ်..ဒီလိုမိန်းမအတွက်နဲ့များ ခံစားနေရတယ်လို့ တကယ်ပါဘဲ..."

"အွန်း...ညနေကျတော့ မေမေတို့ တစ်မျိုးစီစဉ်ကြ
တာပေါ့...အာ..Seokjin..မေမေကြီးတို့ သွားတော့
မယ်နော်...Jungkook လေးကို ဂရုစိုက်ပေးပါဦး"

"ဟုတ်ကဲ့ မေမေကြီး...ဂရုစိုက်သွားပါခင်ဗျ"

Jimin နဲ့ မေမေကြီးထွက်သွားတော့ Jungkook အခန်းရှေ့မှာ သူတစ်ယောက်ထဲသာ ကျန်ခဲ့သည်။
အဝေးရောက်မှ Jimin ပြောသွားတဲ့ မေမေကြီး၏
စကားသည် တိုးတိုးလေးပေမယ့်လဲ သူကြားလိုက်ပါသည်။

"မေမေတို့ Seokjin လေးကို အိမ်ပြန်ပို့ပေးဖို့ စီစဉ်ရဦးမယ်"

ဟုတ်သားဘဲ...သူ့အလုပ်က လုပ်စရာမှမလိုတော့
တာ...သူပြန်ရတော့မှာပေါ့...အိမ်ရှင်တွေမလိုတော့
ရင် ဧည့်သည်ဖြစ်တဲ့သူက ပြန်ရတော့မည် မဟုတ်လား...

.
.
.
.
.
.

"Jungkook ရှိလား..ငါကြားတာတော့ အခန်း
အောင်းနေတာ (၂) ရက်လောက်ရှိပြီဆို"

အခန်းထဲကထွက်ထွက်ချင်း အောက်ထပ်က
အသံကြားတာကြောင့် သူအောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။

လှေကားပေါ်ကနေ မြင်လိုက်ရတာက ဟိုတစ်နေ့က
အိမ်လာတဲ့ လူကြီး..မေမေကြီးရဲ့မောင်ဆိုသော တစ်ယောက်ပင်..နောက်က ဝတ်စုံအမဲနဲ့လူကြီးကလဲ (၃) ယောက်လောက်နဲ့...

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Kde žijí příběhy. Začni objevovat