🐰 Episode - 6 🐹

3K 442 76
                                    

ZAWGYI

Seokjin အိမ်ထဲပြန်ဝင်လာတော့ Jungkook အမေက ထိုင်နေရင်းထထွက်သွားသလို Jungkook ကတော့ ထိုင်မြဲတိုင်းသာ...

Seokjin ဘေးမှာရပ်နေတဲ့ အလုပ်သမားဆီကို ပြေးသွားလိုက်ပြီး ဆေးသေတ္တာ ဘယ်နေရာမှာရှိလဲ သူမေးလိုက်သည်။

ထိုအလုပ်သမားဆီက အဖြေကိုကြားတာနဲ့ ဆေးသေတ္တာနေရာကိုပြေးယူပြီးမှ Jungkook ဘေးနားဝင်ထိုင်လိုက်တော့....

"ဘာလုပ်ဦးမလို့လဲ...ငါ့အသားကိုမထိနဲ့..."

သူ့ကို စိုက်ကြည့်ပြီး ပြောလာာတာကြောင့် Seokjin လဲ..

"ငါကရော လုပ်ချင်လို့လုပ်ပေးတယ် ထင်နေလား..
Tae ကြောင့် ဖြစ်တာမို့လို့..."

နဂို ဆတ်ဆတ်ထိမခံတဲ့စိတ်နဲ့ ပြန်ပြောတော့ Jungkook ငြိမ်ကျသွားသည်။

Jungkook ထိုင်နေတာ တစ်ယောက်ထိုင်ဆိုဖာ
လေးမို့ Seokjin ဆိုဖာလက်တန်းမှာ တင်ပလွဲထိုင်
လိုက်ပြီး ခေါင်းငုံ့ရင်း Jungkook မျက်နှာကို လက်နဲ့ဖွဖွလေးဆွဲယူပြီး သူ့ဘက်လှည့်စေသည်။

ပြီးမှ ဆေးသေတ္တာထဲက ဆေးဘူးလေးနဲ့ ဂွမ်းတံ
တစ်ချောင်းကိုယူလိုက်ပြီး Jungkook နှုတ်ခမ်း
ထောင့်က သွေးစလေးတွေဆို့နေပြီး ကွဲနေတဲ့
နေရာလေးအား Seokjin ဂရုတစိုက်
ဆေးထည့်ပေးသည်။

ဒဏ်ရာကို အာရုံရောက်နေတဲ့ Seokjin မသိပေ
မယ့် Jungkook ကတော့ နီးကပ်လွန်းနေတဲ့ Seokjin မျက်နှာကြောင့်နေမထိထိုင်မသာ
ဖြစ်လာသည်။

တိုစိပ်စိပ် မျက်တောင်လေးတွေနဲ့အတူ ခုနက
ငိုထားတာမို့ ရဲနေတဲ့ မျက်ဝန်းလေးတွေ..
မို့တက်နေတဲ့ ပါးပြင်နှစ်ဖက်ကလဲ ဖောင်းဖောင်း
လေးနဲ့ ချစ်ဖို့ကောင်းလှသည်။

နှစ်ခေါင်းလုံးလုံးလေးကလဲ ငိုထားတဲ့အရှိန်ကြောင့် ရဲတက်နေသေးသည်။
မျက်နှာတစ်ခုလုံးက ဂွမ်းလုံးလေးသဖွယ် ဖြူဖွေးဥနေလေရဲ့..

Seokjin မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို သေချာ လိုက်ကြည့်နေမိပြီး နောက်ဆုံး ဆိုးဆေးမပါပဲ ပန်းဆီရောင်သန်းနေပြီး ဖူးအိနေတဲ့ နှုတ်ခမ်းတစ်စုံဆီရောက်တော့ Jungkook အာခြောက်လာသလိုလို ရေငတ်သလိုလိုပင် ဖြစ်လာသည်။

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Donde viven las historias. Descúbrelo ahora