🐰 Episode - 2 🐹

3.9K 465 107
                                    

ZAWGYI

"ဒီနေ့ ရှေ့နေ Choi လာလိမ့်မယ်..မင်းတို့
နှစ်ယောက်ကွာရှင်းဖို့ ပြင်ဆင်ထားကြ"

"အမေ !! "

ခါတိုင်းဆို တိတ်ဆိတ်နေတဲ့ မိသားစုမနက်စာ
ထမင်းဝိုင်းလေးက အခုတော့ ဆူညံသံတွေက ကြီးကျယ်ခမ်းနားလွန်းတဲ့ အိမ်ကြီးကို ပဲ့တင်သံထပ်သွားသည်အထိပင်..။

အမေဖြစ်သူစကားကြောင့် Jungkook တို့လင်မယား စားနေရာမှရပ်တန့်သွားပေမယ့် Jimin ကတော့အစားမပြတ်ပေ..။
ထိုသားအမိနှစ်ယောက်ကြားထဲ သူဝင်မပါပါ..။
သူဝင်ပါလိုက်ရင် အမေဖြစ်သူရဲ့ အကြီးဖြစ်ပြီး မိန်းမမယူရသေးလားဆိုပြီး ပြဿနာက သူ့ဘက်ဆိုက်ရောက်လာမည်ဖြစ်သည်။

ဘေးကရပ်နေတဲ့ အလုပ်သမားတွေကလဲ ကြမ်း
တော့မည့်ပွဲအား ကြိုသိနေသလို မော်မကြည့်ရဲဘဲ ခေါင်းကိုသာ ဆိုက်ဆိုက်ငုံ့ထားကြ၏။

"ငါမင်းကို ဘယ်နှခါပြောရမလဲ Jeon Jungkook..
ငါမြေးမရရင်သူ့ကိုကွာရှင်း...ဒါပဲ..အထွန့်မတက်နဲ့"

"အမေ ဒါ......."

"ကို"

Jungkook ပြန်ပြောမလို့ပြင်ပေမယ့် ဘေးကသူ့
ချစ်ရသူက ထမင်းစားပွဲအောက် ပေါင်ပေါ်တင်
ထားတဲ့ သူ့လက်ကိုဆုပ်ကိုင်ရင်း လှမ်းတားတာ
ကြောင့် သူရပ်လိုက်သည်။

"အန်တီ...ဒီလိုကိစ္စက လုပ်ယူလို့ရတာမျိုး
မဟုတ်ဘူး...ပြီးတော့....."

"မင်းဝင်မပါနဲ့ Yeon Somi...ငါ့သားကိုငါပြောနေ
တာ..ငါတို့မိသားစုကြား မင်းဝင်ပါစရာ
ဘာအကြောင်းမှမရှိဘူး !"

အမေ့ စကားကြောင့် Somi မျက်နှာငယ်လေး
ဖြစ်သွားတာကို Jungkook ရိပ်မိလိုက်သည်။

"အမေ ဘာလို့ Somi ကိုအဲ့လောက်တောင် မုန်းနေ
ရတာလဲ..သူက အမေ့ရဲ့ချွေးမပါ...ကျွန်တော့ကို
ချစ်သလို သူ့ကိုရော ချစ်ပေးလို့မရဘူးလား"

"ငါသူ့ကိုမမုန်းပါဘူး...အေး..အဲ့လိုပဲ ချစ်လဲမချစ်ပေး
နိုင်ဘူး...ငါ့မြေးကိုသတ်တဲ့သူတစ်ယောက်ကိုငါလုံးဝ
မချစ်နိုင်ဘူး....ဟက်...မင်းလိုချစ်ပေးရမယ် ဟုတ်
လား...မင်းနဲ့သူနဲ့က တူလို့လား...မင်းက ငါ့သား...
သူကမိန်းမယုတ်သာသာပဲရှိတာ...ချမ်းသာမှန်းသိလို့ မင်းကိုအပိုင်ကြံမှန်း ငါသိပြီးသား.....ပိုင်းလုံးမ
သာသာပဲ...မင်းမသိပေမယ့် မိန်းမချင်းဖြစ်တဲ့ ငါက
သိပြီးသား...ဒါတွေမင်းနားလည်လို့လား"

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now