"ကိုကိုဖယ်ကွာ...မနက်ဖြန် အရေးကြီး meetingရှိလို့။"
စာကြည့်စားပွဲရှေ့ တွင်ထိုင်ပြီး အလုပ်ကောင်းကောင်းမလုပ်ရတာကြောင့် ထယ်ယောင်းစကားပြောသံက မမာကျောပင်မဲ့ တစ်ဖက်တွင်တော့။

"အေးပေါ့...ကြာတော့လဲ ဒီလူကို ညီးငွေ့နေပြီပေါ့။ ဟုတ်ပါတယ်လေ။ နောက်ဆုံးတော့လဲ ဒီကလူကပဲ ရှုပ်နေတဲ့သူပါလေ။ အလုပ်ကိုသာညအာရုံစိုက်ပြီးလုပ်ပါတော့။"

ဝမ်းနည်းနေတဲ့ အသံလေးနဲ့ပြောသွားသော နှိုင်းကို ထယ်ယောင်းလေးအမှန်ပင် အံသြမိသည်။ ချစ်သူဘဝမရောက်ခင်တုန်းကနဲ့၊ ချစ်သူဘဝရောက်ပြီး တစ်နှစ်ကြာအထိ မိမိကပဲချွဲခဲ့တာပါ။

အဲ့နောက်ပိုင်းမှာ နှိုင်းက အရင်လိုမဟုတ်တော့။ ထယ်ယောင်းလေးအား ပိုချွဲလာတတ်တယ်။

"ဟယ်..ဘယ်သူက ဘာပြောနေလို့လဲ။"
"သွား...စကားမပြောဘူး..လာမခေါ်နဲ့။"
ကုတင်ပေါ်သို့ နှုတ်ခမ်းကိုဆူရင်း ခြေဆောင့်ပြီး တတ်သွားလေသည်။ ခတ်တော့ခတ်သား မိမိကukeလား သူကukeလား။

"လာပြီ..လာပြီ...."ပြောပြောဆိုဆိုနဲ့ နှိုင်းရဲ့ပေါင်ပေါ်သို့ ခေါင်းလေးတင်ပြီး မျက်လုံးလေးမှိတ်လိုက်တယ်။

"ငယ်ဒီလိုလုပ်ရတာ ကိုကို့အတွက်ပါ။ ငယ့်ဒယ်ဒီအကြောင်းလဲ သိတယ်မှတ်လား။ ငယ်တို့ကို သိပ်မကြည်ဘူးလေ။ အဲ့တာကြောင့် ဒယ်ဒီ့အလုပ်တွေကို ကြိုးစားပြပြီး မျက်နှာယူနေရတယ်။"

"ကိုကိုသိတာပေါ့။ ဒါမဲ့ငယ်ရာ ငယ့်ကျန်းမာရေးဆိုတာကလဲ ရှိသေးတယ်လေ။ ဂရုစိုက်ရမှာပေါ့။"
ဟုတ်တာပေါ့ မိမိနဲ့ မိမိချစ်သူကို ဒယ်ဒီက သဘောမတူဘူးလေ။

မိမိကလိင်တူချစ်သူတစ်ယောက်ဖြစ်နေတော့ ဒယ်ဒီကရှက်တယ်တဲ့။ နိုင်ငံခြားမှာနေသော်လဲ ဒယ်ဒီက ဒီလိုကိစ္စတွေကို သဘောမကျဘူး။ မိမိကိုကော မိမိချစ်ရသူအတွက်ကော ကြိုးစားနေရတယ်လေ။
_______________________________

"နှိုင်း...ရော့...file တွေ"
"ဟုတ်ပြီ....အော် ပြောစရာရှိတယ်။ ထိုင်ဦး..."

"အင်းပြောပါ။"

"ခုတစ်ခေါက်လုပ်မဲ့ ပွဲက နောက်လလေ။ ပြီးတော့....."

Can't Lie (Unicode & Zawgyi)Where stories live. Discover now