Part-43(Uni)

16K 1.1K 31
                                    

"ဖတ်!..ဖတ်!.."

"ပါပါး...ပါပါး..."

"ဟာ....သားတို့..ပါပါးမျက်နှာကို သွားမရိုက်နဲ့လေ...
ပါပါးကအိပ်နေတာလေ...မရိုက်ရဘူးနော်.."

"ဟင့်အင်း...ပါပါး ထ...ဖတ်...ဖတ်..." ဆိုပြီး အသေးလေးရဲ့ပါးကို ထပ်ရိုက်နေသေးတယ်..။
ကြည့်ရတာ သူတို့ပါပါးကို နှိုးနေတာဖြစ်မယ်..။

"ဝါး.....
ဟင်..ပါပါးသားလေးတွေ နိုးနေပြီလား..."

"ဟုတ်...ပါပါး...
ပါပါး ချိုချိုစို့ချင်လို့.." ဆိုပြီး သားကြီးက ကျွန်တော့်အင်္ကျီကိုလှန်ကာ ပြောလာတယ်..

"တားရော...ပါပါး.." ဆိုပြီး သားငယ်ကပါ ပြောလာတယ်..

"ဟင်...အဟမ်း...
သားတို့ကလည်း ချိုချိုက ခါးနေပြီလေ...
မစို့နဲ့တော့နော်...ပါပါးနဲ့တူတူမျက်နှာသွားသစ်မယ်လေနော်..."

"ဟင့်အင်း...တားတို့က ချိုချိုစို့ချင်နေတာ...
ဟင့်...အီးဟီး...အီး..." ဆိုပြီး အမြွာ၂ကောင်လုံး အော်ငိုကြပါလေရော..

"အသေးလေးကလည်းကွာ..သားတို့ကိုနို့ပေးတိုက်လိုက်ပါကွာ...
သူတို့လည်း ဆာနေမှာပေါ့..."

"ဟာ...ကိုဘုန်းကလည်း နို့ကထွက်မှမထွက်တာကို...
ပြီးရင်..သူတို့စို့ပဲစို့တာ မဟုတ်ဘူး...
ကိုက်ပါကိုက်သေးတာ...
တိုက်ချင် ခင်ဗျားနို့တိုက်လိုက်..."

"ကိုယ့်နို့ကိုမစို့လို့ပေါ့...
သားတို့ ဖေဖေ့ချိုချိုစို့မလား..."

"ဟင့်အင်း..ပါပါးချိုချိုပဲစို့မှာ...အီး.."

"တွေ့တယ်နော်...အသေးလေး...
တိုက်လိုက်ပါကွာ...ကိုယ်မနက်စာသွားစားတော့မယ်..ရုံးသွားရဦးမှာလေ..." ဆိုပြီး ကိုဘုန်းကပြောကာ အောက်ကိုဆင်းသွားတယ်..။

"အင်းအင်း...
အမြွာတို့ မကိုက်ရဘူးနော်..
ကိုက်ရင် ပါပါးက နောက်တစ်ခါမတိုက်တော့ဘူး.."

"ဟုတ်.." ဆိုပြီး ၂ယောက်လုံးက တပြိုင်နက်ပြောလာတာမို့ ကျွန်တော်လည်း အင်္ကျီကိုလှန်ပေးလိုက်တော့...၂ယောက်လုံးတစ်ယောက်တစ်ဖက်စီ စို့လာတယ်..။ ၂နှစ်ကျော်လာပြီမို့..ပေါက်လတဲ့ သူတို့သွားသေးသေးလေးတွေနဲ့ ကိုက်လာတယ်..

MY ONLY ONE (completed)Donde viven las historias. Descúbrelo ahora