Part-19(Uni)

21.8K 1.5K 5
                                    

ကျွန်တော်အသေးလေးကို လိုက်ရှာနေတာ..hotelတစ်ခုလုံးလည်းနှံ့နေပြီ..။ တွေ့လို့ကတော့..ဒီလောက်လမ်းများချင်နေတဲ့ အသေးလေးကို ကောင်းကောင်းဆုံးမပေးရမ
ယ်..။ hotelတစ်ခုလုံးပတ်ရှာထားတော့...လူက ပူထူလာပြီ...။

ရေကူးကန်တွေထဲများ ပြုတ်ကျနေသလားဆိုပြီး...လိုက်ကြည့်ရတာအမော...
ပြောလို့မရဘူးလေ..အသေးလေးက သေးသေးကွေးကွေးလေးဆိုတော့..ကန်ထဲပြုတ်ကျရင် နစ်နေမှာ...ဟင်း....အတွေးတွေနဲ့အတူ စိုးရိမ်စိတ်ကလည်းတဖြည်းဖြည်းကြီးထွားလာတယ်...။

ကမ်းခြေဘက်ထွက်ရှာမယ်ဆိုပြီး...ထွက်လာတော့...ကျွန်တော်ရင်ကို ပြေးပြီးဆောင့်ကန်လိုက်သလိုပဲ...မေ့နေတဲ့အသေးလေးကို တစ်စုံတစ်ယောက်က ရှေးဦးသူနာပြုနည်းနဲ့ အသက်ရှူအောင်လုပ်ပေးနေတယ်..။ ကြည့်ရတာ ရေနစ်နေလို့ဖြစ်မယ်...။ ဘေးနားမှာတော့...မင်းမြတ်နဲ့မသီတာတို့က စိုးရိမ်တကြီး ထိုင်ကြည့်နေကြတယ်...။

ကျွန်တော်လည်း ဒေါသတွေထွက်ကာ...သူတို့အနားကိုလျှောက်သွားလိုက်တော့...အသေးလေးက သတိရနေပြီ..။ အသေးလေးတို့အနားရောက်မှ အနီးကပ်မြင်ရတော့..အသေးလေးကို ရှေးဦးသူနာပြုနည်းလုပ်ပေးနေတဲ့လူက လင်းရှိန်သာ ဖြစ်နေတယ်...။

ကျွန်တော့်ဒေါသတွေ အစိုးမရတော့ဘဲ..အသေးလေးလက်ကို ဆွဲကိုင်လိုက်တော့...

"ဟင်...ကိုဘုန်း..."

"လာခဲ့...မင်းနဲ့ကိုယ်အခန်းထဲရောက်မှ ရှင်းမယ်..." လို့ ပြောလိုက်ပြီး..ဆွဲခေါ်လိုက်တော့..

အသေးလေးရဲ့ နောက်လက်တစ်ဖက်ကို..လင်းရှိန်သာက ကိုင်ထားတယ်...

"လင်းရှိန်သာ...လွန်းပြည့်လျှံလက်ကို လွှတ်လိုက်..."

"မင်း လွန်းကို အကြမ်းပတမ်းမလုပ်နဲ့လေ...
အခုမှ ရေထဲက ကယ်ခဲ့ရတာ..."

"အဲ့တာ ငါနဲ့မဆိုင်ဘူး...
ငါခွင့်ပြုယူပြီး သူထွက်လာတာလည်းမဟုတ်ဘူး..
ပြီးတော့ လွန်းပြည့်လျှံက..ငါ့ယောကျာ်း...
ငါ့ဘာသာငါ ဘာလုပ်လုပ် မင်းနဲ့မဆိုင်ဘူး..
မင်းတို့၂ယောက်လည်း မနက်ဖြန်မှတွေ့မယ်.." လို့ မင်းမြတ်နဲ့မသီတာကိုပါ ပြောပြီး..အသေးလေးလက်ကိုဆွဲကာ အခန်းဆီသို့ လာခဲ့လိုက်တယ်..။

MY ONLY ONE (completed)Where stories live. Discover now