Part-12(Uni)

24.7K 1.7K 20
                                    

"အသေးလေး...အသေးလေး...
ထတော့လေ...၇နာရီထိုးနေပြီ..."

"အင်း..ဟင်း..."

"ဘာဖြစ်လို့လဲ...
နေမကောင်းဘူးလား..."

"အင်း..." ဆိုပြီး အက်ရှရှအသံနဲ့ပြန်ဖြေလာတဲ့ အသေးလေး...

ကျွန်တော်လည်း အသေးလေးနဖူးပေါ်လက်တင်လိုက်တော့...

"ဟင်...ဟုတ်ပါ့...
ပူကျစ်နေတာပဲ...
နေဦးနော်...ကိုယ် ဆရာဝန်သွားခေါ်ပေးမယ်..."

ကျွန်တော်လည်း...ဆရာဝန် ဦးထွန်းဆီ အမြန်ဖုန်းဆက်ကာ အိမ်ကိုလာခဲ့ပေးဖို့ ပြောရတယ်..။ ပြီးတာနဲ့အောက်ဆင်းကာ...ကြီးမြဆီသွားပြီး ဘာလုပ်ပေးရသေးလဲဆိုတာ မေးမယ်ဆိုပြီး...အောက်ကို ဆင်းလာလိုက်တယ်...။

အောက်ရောက်တော့...ထမင်းစားခန်းထဲကိုသာ တန်းဝင်လိုက်တယ်...

"ထွန်းတောက်...ဟင်....အဝတ်အစား မလဲရသေးဘူးလား..."

"ဟုတ်တယ် ဖိုးဖိုး...
အသေးလေးဖျားနေလို့..."

"ဟေ...ဟုတ်လား...
တော်တော်လေးအဖျားကြီးနေလို့လား..."

"ဟုတ်...ဦးထွန်းဆီ ဖုန်းဆက်ထားတယ်.."

"အဲ့တာဆို...မင်းက ပြည့်လျှံနားမနေဘဲ ဘာလို့အောက်ဆင်းလာတာလဲ?.."

"ဟို...ဟို...ကြီးမြကို လာမေးတာ...
ဖျားနေတဲ့သူကို ဘာလုပ်ပေးရဦးမလဲလို့..."

"သခင်လေး ပြည့်လျှံလေးကို ရေသဘက်တိုက်ပေးပြီးပြီလား.."

"ဟင်...တိုက်ပေးရမှာလား..."

"အင်းလေ...ရေသဘက်တိုက်ပေးပြီးတော့ အဝတ်အစားလဲပေးလိုက်လေ...
ဖျားထားတော့ ချွေးထွက်ချင်ထွက်နေမှာ..."

"သြော်...ဟုတ်ကဲ့...
ဟို...ဟို...ကြီးမြ အသေးလေးအတွက် ဆရာဝန်လာလို့..ဆေးပေးရင် တိုက်ရအောင် ဆန်ပြုတ်လေးဖြစ်ဖြစ်လုပ်ပေးထားပါလား.."

"လုပ်ပေးမှာပါ...သခင်လေးရယ်...
သခင်လေးကြည့်ရတာ ပြည့်လျှံလေးကို အတော်စိတ်ပူနေတယ်ထင်တယ်..."

"အာ....ဟို...ဒီ..ဒီလိုပါပဲ..."

"ရှက်ပြီး..ဟိုဟိုဒီဒီလုပ်မနေနဲ့...ထွန်းတောက်ဘုန်း...
အပေါ်မှာ ကလေးတစ်ယောက်ပဲထားခဲ့တာ...
လာ..သွားမယ်..."

MY ONLY ONE (completed)Where stories live. Discover now