Part-34(Uni)

19.2K 1.2K 12
                                    

"အသေးလေး..သဘက်ခါဆို သားတို့၁လပြည့်ပြီနော်.."

"အင်းလေ...
ဖိုးဖိုးနဲ့တိုင်ပင်ပြီးသွားပြီ...
သဘက်ခါ မနက်ခင်း ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့မယ်...
ညကျတော့..ရင်းနှီးတဲ့သူတွေလောက်ပဲ ဖိတ်ပြီး ပါတီသေးသေးလေး လုပ်ပေးမယ်လေ...
မကောင်းဘူးလား.."

"ကောင်းပါတယ်...
နောက်ထပ်တစ်ခုရှိသေးတယ်လေ..."

"ဘာကျန်သေးလို့လဲ?.."

"ဟာ....အသေးလေးကလည်းကွာ...
မသိချင်ယောင်ဆောင်နေပြန်ပြီ..."

"အဟက်...ကိုဘုန်းရာ...
ခင်ဗျားခေါင်းထဲအဲ့တာတွေ အမြဲတွေးနေသိလား...
သားတို့ကို့ ဘယ်လိုနာမည်ပေးမလဲမစဉ်းစားဘူး..."

"ကိုယ်က အစောကတည်းက..သားတို့နာမည်ကို စဉ်းစားထားပြီးသားပါကွာ..."

"ဟုတ်လား...ဘယ်လိုပေးမှာလဲ?.."

"အင်း...သားကြီးကို 'ထွန်းတောက်လျှံ'
သားငယ်ကို 'ဘုန်းပြည့်လျှံ'..."

"ဘယ်လိုလဲ?..မိုက်တယ်မလား.."

"အင်း...မဆိုးပါဘူး..."

"ဆိုးတာမဆိုးတာ မသိဘူး...
ကိုယ်မွေးထားတဲ့သားတွေကို..ကိုယ် ကိုယ်တိုင်ပေးထားတဲ့နာမည်ပဲ မှည့်ရမယ်.."

"ကိုယ်မွေးထားတာဆိုတော့..ခင်ဗျားမွေးတာလား ကျွန်တော်မွေးတာလား..."

"ကိုယ်အစွမ်းအစကြောင့် အသေးလေးမွေးနိုင်တာပါ.."

"ဖြန်း!..ပြောလ်ိုက်ရင် အနှောင့်အသွားကလွတ်ကိုမလွတ်ဘူး.. "

"မှန်တာပြောတဲ့ဟာကို...
သဘက်ခါညကျရင်တော့လား...ဟင်းဟင်း..." ဆိုပြီး လူယုတ်မာအသံကြီးနဲ့ပြောလာတဲ့ကိုဘုန်းကြောင့်..ကြက်သီးတောင်ထသွားတယ်..။

"တော်ပါ...အိပ်တော့လေ...
မနက် companyသွားရဦးမှာကို.."

"အသေးလေးကရော မအိပ်သေးဘူးလား..."

"အနှီးတွေခေါက်လိုက်ဦးမယ်...
ပြီးမှအိပ်မယ်.."

"မနက်မှခေါက်လည်း ရတာပဲကို...
လာပါကွာ..သားတို့အိပ်တုန်းလေး..
ကိုယ်ဖက်ပြီး အိပ်ချင်လို့.."

"ဟင်း.......
အင်းအင်း..အဲ့တာဆိုလည်း မနက်မှပဲခေါက်တော့မယ်.."

MY ONLY ONE (completed)Where stories live. Discover now