Part-21(Uni)

21.7K 1.4K 6
                                    

"အသေးလေး...စားလို့မပြီးသေးဘူးလား...
တမနက်လုံးလည်း စားလာတာ...
အခုလည်း အချဉ်ထုတ်တွေစားနေတယ်...
အန်ဦးမယ်နော်..."

"ဟာ....ကိုဘုန်းကလည်း...
ကျွန်တော်စားတာအဲ့လောက်မများသေးပါဘူး...
စားချင်တုန်းလေးပဲ စားရတာကို..."

"ဟင်း...မပြောတော့ဘူး...
အန်ချင်တယ်ဆိုလို့ကတော့...ဟင်းဟင်း..."

မပြောလို့လဲမရဘူး...စားနေတာမုန့်တွေမနည်းတော့ဘူး...။ မနက်ခင်းထဲကတစ်ခုပြီးတစ်ခစားနေတာ...အိမ်ပြန်ဖို့ ကားပေါ်ရောက်တဲ့အထိပဲ...။ ဘယ်တုန်းက အသေးလေးဒီလောက်တောင်..စားတတ်သွားရတာလဲ?...
အခုလိုစားနေတဲ့အစားskillနဲ့ဆို...အသေးလေးခန္ဓာကိုယ်သေးနေမှာမဟုတ်ဘူး..။

ဟင်....ဟိုဟာကြောင့်များလား...မဖြစ်နိုင်ပါဘူး...အသေးလေးက အဲ့လိုဖြစ်စရာအကြောင်းမှမရှိတာ...
ဟူး...မဖြစ်နိုင်ဘူး...အဲ့လိုလုံးဝမဖြစ်နိုင်ဘူး..

ကျွန်တော်တွေးနေရင်း...ကျွန်တော့်ပေါင်ပေါ်ကျလာတဲ့ တစ်ခုခုကျလာသလိုခံစားရကြောင့်...အောက်ကို ကြည့်လိုက်တော့ အသေးလေးခေါင်းဖြစ်နေတယ်..။ ဟင်း....စားလို့ဝတော့ အိပ်ချင်နေပြီ..။ ကျွန်တော်လည်း...အသေးလေးခေါင်းလေးကို ပေါင်ပေါ် ဖြေးဖြေးတင်ပေးရင်း...ဆံပင်လေးကိုသာသပ်တင်ပေးလိုက်တယ်...။ လျှောက်သွားလျှောက်စားထားတော့...ပင်ပန်းလို့ အိပ်ပျော်နေပြီ..။

..................

အိမ်ပြန်ရောက်တော့..တစ်လမ်းလုံးလည်းအန်လာကာ...ကျွန်တော့်ကိုယ်ပေါ်မှာ ခွေခွေလေးအိပ်ပျော်နေတဲ့အသေးလေးကို မနှိုးတော့ဘဲ..ပွေ့ချီလိုက်ပြီး...

"ဦးပု...မရိုမသေ luggageလေး ယူခဲ့ပေးပါနော်..."

"ရပါတယ်...သခင်လေး...
ဦးပု လိုက်ပို့ပေးမယ်..."

"ကျေးဇူးတင်ပါတယ်နော်..." လို့ပြောပြီး...မင်းမြတ်နဲ့မသီတာကို နှုတ်ဆက်ကာ...အပေါ်ကို တက်လာခဲ့တယ်...။

အိမ်ထဲရောက်တော့...ဖိုဖိုးကလည်း ကားသံကြားလို့ထင်တယ်..ထွက်လာတယ်...။ အသေးလေးကို ပွေ့ချီထာတဲ့ကျွန်တော့်ကိလည်းမြင်ရော...

"ပြည့်လျှံကဘာဖြစ်လို့လဲ?..."

"တစ်လမ်းလုံးအန်လာတာလေ...
အခုတော့ပင်ပန်းပြီး အိပ်ပျော်နေပြီ...
အစားတွေလျှောက်စားတာကို..."

MY ONLY ONE (completed)Where stories live. Discover now