Part-24(Uni)

22.1K 1.4K 16
                                    

ကျွန်တော်ဒီနေ့နဲ့ဆို ရွာရောက်တာ...၃ရက်ရှိပြီ..။ ရောက်ရောက်ချင်းတည်းက ဘဘုန်းဆီတန်းသွားတော့...ဘဘုန်းက သက်သာနေပြီ..။ ဖြစ်တာကလည်း...ဘဘုန်းက နဂိုတည်းကနှလုံးရောဂါရှိတာမို့...နှလုံးအောင့်တာကို ဒေါ်ကြီးစိန်တို့က အစိုးရိမ်လွန်ပြီး...ဘဘုန်းရဲ့ နောက်ဆုံးချိန်ကိုမှီအောင် ကျွန်တော့်ကို ဖုန်းဆက်ပြီး လှမ်းခေါ်ခြင်းဖြစ်သည်...။

ဘဘုန်းဆီလည်းရောက်ရော...ဘဘုန်းက ကျွန်တော်ရောက်လာတာ မထင်မှတ်ထားသလို..ဝမ်းသာတကြီးနဲ့ ကျွန်တော့်ကို ကျောင်းပေါ်ခေါ်ပြီး...အဖိုးတို့ ကိုဘုန်းတို့သာကြောင်းမာကြောင်းမေးပြီးမှ...ကျွန်တော့်ကို အေးအေးဆေးဆေးနားရအောင် ဘုန်းကြီးကျောင်းမှာပဲတည်းမလား..ကျွန်တော့်အိမ်မှာပဲ ပြန်နေမလား ဆိုပြီး မေးလာတယ်...။ ကျွန်တော်လည်း အေးအေးဆေးဆေးနားချင်တာမို့...ကျွန်တော့်အိမ်ကိုပြန်လာခဲ့လိုက်တယ်...။

လက်ထပ်ခါနီး..ဘဘုန်းကို လှမ်းလျှောက်တော့...ဘဘုန်းက အဖိုးရဲ့မြေးမို့လို့...ဘဘုန်းစိတ်ချသွားပါပြီ ဆိုပြီးမိန့်တယ်...။ ကျွန်တော်တို့လိင်တူချင်းလက်ထပ်တာကို...ဘဘုန်းလက်မခံနိုင်လောက်ဘူးလို့ ကျွန်တော်ထင်ထားတာ...ဒါပေမဲ့ အခုလိုလက်ခံပေးတော့...ကျွန်တော်အရမ်းဝမ်းသာမိတယ်...။အဲ့တာကြောင့်...ဘဘုန်းက..ကျွန်တော်နဲ့ကိုဘုန်း လက်ထပ်ထားတာ...သိတယ်...။

မိဘတွေမရှိထဲက..ကျွန်တော့်ကို ဘုန်းကြီးကျောင်းမှာ ခေါ်ထားခဲ့တယ်...။ အရွယ်ရောက်လာတော့...ကျွန်တော်လည်း ဖေဖေတို့မေမေတို့ထားခဲ့တဲ့အိမ်လေးကို တိုက်ပုလေးပြန်ဆောက်ပြီး အိမ်မှာပြန်နေခဲ့တယ်...။

ငွေရေးကြေးရေးကိစ္စကလည်း...ကျွန်တော့်အတွက်အခက်အခဲမရှိခဲ့ပါဘူး..ဘာလို့ဆို...ကျွန်တော့်မိဘတွေထားခဲ့တဲ့ ပစ္စည်းဥစ္စာတွေက အများကြီး...လယ်တွေကိုလည်း သီးစားချထားတာကြောင့် ကျွန်တော့်အတွက် ငွေရေးကြေးရေးကအရမ်းကိုအဆင်ပြေတယ်...။ အဲ့တာကြောင့်...မရတီပြောသလို...ကျွန်တော်က ချမ်းသာချင်လို့...ကိုဘုန်းကို အပိုင်ကြံစရာအကြောင်းမရှိဘူး...။

ကျွန်တော်မဟုတ်ဘဲစွပ်စွဲပြောခံရတာလောက်..ဒေါသထွက်တာမရှိဘူး..။ အဲ့ဒီ့ကိုဘုန်းကိုလည်း ဒေါသထွက်တယ်..။ လူကို သူများရှေ့မှာလည်းအော်တယ်..။ ကိုယ့်ခင်ပွန်းဘက်ကမပါဘဲ အခြားလူဘက်ကလည်းပါတယ်...။ အေးလေ...အခြားလူရယ်တော့လည်း မဟုတ်ပါဘူး..သူ့အရင်ရည်းစားဆ်ိုတော့လည်း...ဟွန်း...

MY ONLY ONE (completed)Where stories live. Discover now