ရေခဲဖီးနစ်ကအကြိမ်ကြိမ်ရှောင်နေပြီးမှအကြိမ်အနည်းငယ်အော်ဟစ်မြည်ကျွေးလိုက်ပြီးသူ့တောင်ပံများအားနွယ်ပင်များရှိရာဘက်သို့ခတ်လိုက်သည်။သူ့တောင်ပံအောက်မှမရေမတွက်နိုင်သည့်လေနှင့်နှင်းခဲများထွက်လာကာအတိုက်ခိုက်ခံလိုက်ရသည့်နွယ်ပင်များအားလုံးလုံးဝအေးခဲသွား၍ထူးဆန်းတဲ့ပုံစံအမျိုးမျိုးနဲ့ရေခဲတောင်ကြီးများဖြစ်ပေါ်သွားသည်။

ထိုအချင်းအရာကိုမြင်သောအခါအဲလ်ဗစ်ကတစ်စုံတစ်ခုကိုရေရွတ်လိုက်ပြီးမကြာခင်မီးတောက်များဖြင့်ဖွဲ့စည်းထားသည့်ခန္တာကိုယ်တစ်ခုပေါ်ပေါက်လာရင်းအနီရောင်တောက်ပနေသည့်အတောင်ပံများနဲ့ကျားတစ်ကောင်ကလေထုထဲမှထွက်ပေါ်လာကာကျယ်လောင်စွာဟိန်းသံပေး၍ရေခဲဖီးနစ်ထံကြမ်းတမ်းစွာပြေးဝင်သွားလေသည်။

ထိုအချိန်မှာအပေါ်မှာတိုက်ခိုက်နေသည့်နဂါးနှစ်ကောင်ကသူတို့ကိုထောက်ပံ့ထားသည့်မှော်စွမ်းအင်များကုန်ခမ်းသွားသောကြောင့်ပျောက်ကွယ်သွားကာအနိုင်အရံှုးကိုမသတ်မှတ်နိုင်ဘူးဖြစ်သွားသည်။သို့သော်အောက်မှာရှိတဲ့တိုက်ပွဲသည်လည်းအတော်ပြင်းထန်နေသည်။

ပြိုင်ပွဲကိုကြည့်နေကြသည့်သူတိုင်းအသက်ကိုပင်ကျယ်လောင်စွာမရှုဝံ့ကြပဲသူတို့မျက်လုံးများကအသုံးမဝင်တော့သလိုခံစားနေကြရသည်။သူတို့ပေးဆောင်ခဲ့ကြရသည့်ဝင်ကြေးကအလွန်များပြားသော်လည်းဒီလိုအံ့အားသင့်စရာပြိုင်ပွဲမျိုးကိုမြင်ရပြီးနောက်မှာတော့သူတို့ဝယ်လိုက်တဲ့လက်မှတ်ကအတော်လေးဈေးပေါတယ်လို့အားလုံးခံစားလိုက်ရသည်။

လီလျိုကစင်မြင့်ပေါ်မှထိုရလဒ်တူညီနေသည့်ပြိုင်ပွဲကိုကြည့်ပြီးရင်တုန်မှုကြောင့်သူ့အမြီးလေးကထောင်မတ်နေကာသူ့ရင်ကလည်းအားကောင်းစွာခုန်လှု်ပနေသည်။ဒီလိုပြိုင်ပွဲမျိုးကိုကိုယ်တိုင်ကြည့်ရတာကသူရေးတဲ့အချိန်တုန်းကနဲ့လုံးဝကိုခြားနားတယ်။

သူဒီမြင်ကွင်းကိုရေးတုန်းကဒီအတိုင်းစိတ်ထဲမှာပဲတွေးခဲ့တာဖြစ်ပြီးအဲ့ဒီမှာစိတ်လှုပ်ရှားမှုအနည်းငယ်တော့ရှိကောင်းရှိနိုင်ပေမယ့်ဒီလိုတကယ့်မြင်ကွင်းကိုမြင်ရတာနဲ့တော့မတူဘူးလေ..သူ့ရင်တစ်ခုလုံးတောင်အပြင်ကိုခုန်ထွက်တော့မလိုခံစားရတယ်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now