ပြိုင်ပွဲစတင်တာစက္ကန့်ပိုင်းသာရှိသေးသော်လည်းမှော်အလင်းများကပြိုင်ပွဲစင်မြင့်ပေါ်မှာမီးတောက်များလိုတစ်ဖွားဖွားဖြစ်နေပြီးပတ်ဝန်းကျင်အားချက်ချင်းတင်းမာသွားစေသည်။

လီလျိုရဲ့အကြည့်ကတော့အများအားဖြင့်အဲလ်ဗစ်ကိုယ်ပေါ်မှာသာရှိနေသည်။အဲလ်ဗစ်ကသူ့ရွှေရောင်ဆံပင်ရှည်အားဟိုးတုန်းကတည်းကအတိုဖြတ်ပြီးသားဖြစ်ပြီးသူနဲ့စီဇဲနှစ်ယောက်လုံးရေနဂါးနှစ်ကောင်ဖန်တီးကာနဂါးနှစ်ကောင်ကအရှေ့မှာထိပ်တိုက်စုံစည်းကြ၍အပေါ်အောက်ကိုလေပြင်းမုန်တိုင်းတိုက်ခတ်သွားစေသည်။အဲလ်ဗစ်ရဲ့နှဖူးမှာလိုင်းများအပြည့်ပေါ်လာပြီးသူ့ရဲ့အဇူရာမျက်လုံးတစ်စုံကစူးရှသွားသည်။သူ့ကိုယ်ပေါ်ကအနက်ရောင်ဝတ်ရုံကလေထဲမှာဝေ့ဝဲနေသောကြောင့်သူ့တစ်ကိုယ်လုံးလေထဲမှာမျောလွင့်နေသလိုပင်။

အဲလ်ဗစ်ကလေပြင်းဒဏ်ကိုခံနေရသော်လည်းသူ့ရဲ့ခြေလှမ်းများကတော့အနည်းငယ်မျှပင်သွေဖယ်သွားခြင်းမရှိပဲသူကလေနဲ့တစ်သားတည်းဖြစ်တည်နေသလိုပင်။

စီဇဲရဲကိုယ်ကတော့လေတိုက်နှုန်းအားခုခံတွန်းလှံရန်အစိမ်းရောင်အလင်းတစ်ခုလွှမ်းခြုံထားပုံရသည်။

နဂါးနှစ်ကောင်ကဆက်တိုက်ခိုက်နေသကဲ့သို့စီဇဲကသူ့လက်ထဲကမှော်ကိရိယာကိုထပ်မံဝှေ့ယမ်းလိုက်ပြီးနောက်တစ်ကြိမ်အဲလ်ဗစ်အားတိုက်ခိုက်လိုက်သည်။သေးငယ်သောနှင်းပွင့်လေးများကစုဝေးသွားကာရေခဲဖီးနစ်ငှက်တစ်ကောင်ဖြစ်ပေါ်လာပြီးလေထဲမှာခဏမျှဝဲနေပြီးမှအဲလ်ဗစ်ဆီသို့ထိုးဆင်းချသွားသည်။

အဲလ်ဗစ်ရဲ့မျက်လုံးများကစူးရှသွားကာသူ့လက်ထဲကမှော်ကိရိယာကိုလှန်လိုက်ပြီးကြီးမားသောအစိမ်းရောင်နွယ်ပင်များမြေပေါ်မှပေါ်လာကာအပေါ်မှရေခဲဖီးနစ်အားတုတ်နှောင်လိုက်သည်။

ထိုရေခဲဖီးနစ်ကကိုယ်ပိုင်အသိစိတ်ရှိပုံရသည်။မရေမတွက်နိုင်သည့်နွယ်ပင်များကိုရှောင်ရှားရန်သူ့ပျံသန်းနှုန်းကိုလျှော့ချလိုက်သည်။နွယ်ပင်များသည်လည်းထွက်ပြေးလွတ်ြမောက်ရန်လုပ်နေသည့်ရေခဲဖီးနစ်ငှက်နောက်မှနီးကပ်စွာလိုက်ပါသွား၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now