🖤-🅕︎🅘︎🅝︎🅐︎🅛︎-🖤

762 77 7
                                    

Unicode🖤

" ကောကော ဘာပြောလိုက်တာလဲ "

" ရိပေါ်  ဒါကလုဟန်အတွက် အရမ်းအရေးကြီးတယ် "

" ကျွန်တော်တို့အတွက်လည်း အရေးကြီးတယ်လေ ကော ။ တကယ်ဆိုရင် ဒါကဝတ္တရားနှောင့်ယှက်မှုပဲ "

" ဖခင်တစ်ယောက်ရဲ့သားအပေါ်ထားတဲ့ စိုးရိမ်စိတ်ကို ဝတ္တရားနှောင့်ယှက်မှုလို့ မင်းယူဆရင် ငါ့ကိုအရင်ဖမ်းလိုက် ရိပေါ် ။ ငါသွားခိုင်းတာ ငါလွှတ်လိုက်လို့ လုဟန်ရောက်သွားတာ "

" ကောဗျာ "

အချို့သောအရာတွေက စကားလုံးတွေနဲ့ဖော်ပြလို့မရဘူး ရိပေါ် ။

-

" မင်းဘယ်လိုလုပ်မှာလဲ ဆယ်ဟွန်း "

နှဖူးထက်က ချွေးစတို့အား ဆယ်ဟွန်းဘယ်ပြန်ညာပြန်သုတ်လို့နေသည် ။

" လုကော "

" ငါ့ကိုမကြည့်နဲ့ဆယ်ဟွန်း ။ ငါကငါ့သားအတွက် နိုင်အောင်ဆော့မှာပဲ "

" ကျွန်တော်က "

" မင်းရွေးလေ ။ မင်းသားထက် ပိုပြီးအရေးကြီးတဲ့အရာရှိတယ်ဆိုရင်ပေါ့ "

ဆယ်ဟွန်း ဂျဲနိုကိုလှမ်းကြည့်လို့နေသည် ။

မျက်ဝန်းထဲက စကားလုံးတွေ ။

ဖော်မပြနိုင်တဲ့ မေတ္တာတရားတွေ ။

ငါမြင်နေရတယ်ဆယ်ဟွန်း ။

မင်းရင်ထဲက သံယောဇဉ်ကြိုးတွေ ရစ်နှောင်ထားတာကို ။

" ဒယ်ဒီ ကျွန်တော့်ကိုမရွေးနဲ့ "

" ဂျဲနို "

" ဂျွန်းကိုပဲကယ်ပေးပါ ။ ကျွန်တော်က ဘာမှမဖြစ်ဘူးဒယ်ဒီ "

လူတွေက ကိုယ့်အတ္တနဲ့ယှဉ်လာရင် အရာအားလုံးကို စတေးဝံ့ကြတယ်တဲ့ ။

ဆယ်ဟွန်း အခုတွေဝေနေတဲ့ တွေဝေခြင်းတွေက သူ့ရဲ့အတ္တတစ်ခုသာလျှင် ဖြစ်လိမ့်မည် ။

နှစ်ပေါင်းများစွာ သူ့ရင်ငွေ့နဲ့နွေးခဲ့တဲ့ ကလေးကို သူ့သားထက်ပိုပြီး သူချစ်ကောင်းချစ်နေနိုင်လိမ့်မည် ။

အထူးအဆန်းတစ်ခုတော့လည်း မဟုတ်ပြန်ပါ ။

သွေးဆိုတာ အနေဝေးရင် အလကားပဲ မဟုတ်လား ။

♥🆁︎🅴︎🅵︎🅻︎🅴︎🅲︎🆃︎🅸🅾︎🅽︎♥Kde žijí příběhy. Začni objevovat