🖤-13 [ Zawgyi × Unicode ]

390 66 3
                                    

Unicode🖤

" မင်းမဟုတ်တာမပြောနဲ့ မင်ဆိုယု "

" မဟုတ်တာ ကျွန်မကမဟုတ်တာပြောတာလား ကိုကမဟုတ်တာကို လုပ်တာလား "

" ငါမင်းကိုဘာလုပ်လို့လဲ "

မနက်စောစောထွက်လာတဲ့ ဆူညံသံတွေကြောင့် ပန်းချီဆွဲနေရင်းမှ စုတ်ချက်တွေကို ရပ်တန့်ပစ်လိုက်သည် ။

မနေ့ကမှလက်ထပ်တဲ့လင်မယားက ဒီမနက်ရန်ဖြစ်နေပြီတဲ့လား ။

အထူးအဆန်းတော့မဟုတ်ပါ ။

အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘယ်လိုလုပ်ပြီး သည်းခံခြင်းတရားက ကပ်ပါလာပါ့မလဲ ။

ချစ်လို့လက်ထပ်တဲ့လူတွေတောင်မှ စိတ်အခန့်မသင့်လို့ လမ်းခွဲကြသေးတာပဲ ။

စုတ်တံအားချကာ အခန်းထဲက ထွက်လိုက်တော့ အန်ကယ်Kim အပေါ်ကိုတက်လာဖို့ ပြင်နေပြီမို့ ခေါင်းကိုခါကာ သားတို့အခန်းထဲ ကျွန်တော်ဝင်ခဲ့လိုက်သည် ။

ကျွန်တော်အရင်ပွဲကြမ်းမှဖြစ်တော့မည် ။

" ဘာတွေဖြစ်နေကြတာလဲ မိုးမလင်းသေးဘူး ဆူညံနေတာပဲ "

" ပြောရမှာတော့ အားနာပါတယ် အန်ကယ် ။ အန်ကယ့်သားကိုပဲ သေချာအောင် မေးကြည့်လိုက်ပါ "

" ဂျဲနို "

" အလကားဒယ်ဒီ ။ ဒီမိန်းမအလကားပြဿနာရှာနေတာ "

" ကျွန်မကအလကားပြဿနာရှာတယ် ဟုတ်လားကို ။ မင်္ဂလာဦးညမှာ ကိုယ့်ယောက်ျား အခန်းထဲပြန်မအိပ်လို့ ပြောတာ ကျွန်မက အလကားပြဿနာရှာတာပေါ့ "

" ငါကိစ္စရှိလို့လို့မင်းကိုပြောပြီးပြီလေ "

" ကိုဘယ်မှာရှိနေတယ်ဆိုတာ ကျွန်မသိတယ်နော် "

" မင်ဆိုယု "

" ကဲ သမီး အန်ကယ် သူ့ကိုဆုံးမလိုက်မယ် ။ အန်ကယ်Kimတက်လာရင် ရှုပ်ကုန်လိမ့်မယ် ။ ဂျဲနို မင်းငါ့နောက်လိုက်ခဲ့ "

အရှေ့မှခပ်သွက်သွက်ထွက်ခဲ့လိုက်တော့ နောက်ကနေ သားလိုက်ပါလာသည် ။

" ဒယ်ဒီ "

အခန်းတံခါးကိုပိတ်ပြီးသည်နှင့် အသံပြုသည့် ဂျဲနို့မျက်နှာကို လက်သီးနှင့်ခပ်စပ်စပ် ထိုးလိုက်တော့ ပါးရိုးအားလက်ဖြင့်ပွတ်၍ ငေးကြည့်နေသည် ။

♥🆁︎🅴︎🅵︎🅻︎🅴︎🅲︎🆃︎🅸🅾︎🅽︎♥Where stories live. Discover now