🖤-8 [ Zawgyi × Unicode ]

517 73 3
                                    

Unicode 🖤

မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေတဲ့ ဆယ်ဟွန်းကြောင့် သူအတော်လေး စိတ်ကသိကအောင့်ဖြစ်ရသည် ။

ဘာမှမလုပ်ဘူးဆိုပေမဲ့ အတိတ်မှာရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ လူနှစ်ယောက်ရဲ့ပြန်လည်တွေ့ဆုံခြင်းက အပြုံးတွေဝေဝေဆာဆာနဲ့ နှုတ်ဆက်ရအောင် အတိတ်တွေက လှပခဲ့တာမှ မဟုတ်ပဲနဲ့ ။

" ပါးပါး "

သားခေါ်သံကြောင့် သူမေးဆက်ပြလိုက်သည် ။

" သားToiletသွားချင်လို့ "

" သွားလေ သား ၊ သိပ်တော့မကြာစေနဲ့နော် "

" ဟုတ်ကဲ့ ပါးပါး "

ခေါင်းလေးညိတ်ကာ သားထွက်သွားသည် ။

ဖုန်းအားထုတ်ကာ အာရုံပြောင်းလိုပြောင်းငြား ဟိုကြည့်သည်ကြည့် လျှောက်လုပ်နေတုန်း ဘေးနားက ခုံအားဆွဲသံကြောင့် လှည့်ကြည့်လိုက်တော့ အိုဆယ်ဟွန်း ။

" မင်း "

" မတွေ့ရတောင်ကြာပြီနော် လုဟန်နီး "

" မင်းငါ့နားက အခုထွက်သွား "

" အိုး ဒေါသတွေကြီးလိုက်တာဗျာ "

လှောင်သလိုရယ်နေသည့် ဆယ်ဟွန်းကြောင့် စားပွဲပေါ်ရှိဓားကို လျင်မြန်စွာ ကောက်ကိုင်လိုက်သည် ။

" အိုး နိုး ကျွန်တော့်ကိုထိုးမလို့လား "

" အိုဆယ်ဟွန်း ငါဒီမှာရုတ်ရုတ်သဲသဲ မဖြစ်ချင်ဘူး "

" ကျွန်တော်ကလည်း မဖြစ်ချင်ပါဘူး လုဟန် "

" ဒါဆို မင်းအခုထွက်သွားလိုက်လေ အိုဆယ်ဟွန်း "

" ကြုံတောင်ကြုံခဲပြန်တွေ့ရတဲ့ အချိန်လေးမှာ ခင်ဗျားကို စိတ်မညစ်စေချင်ပါဘူး လုဟန် "

" မင်းမျက်နှာမြင်လိုက်တာနဲ့ ငါ့စိတ်တွေ သိပ်ကိုညစ်ညမ်းသွားပြီ "

" ခင်ဗျား တကယ်ပြောင်းလဲသွားတာပဲ လုဟန် "

" ဒါပေါ့ အရာရာတိုင်းက အချိန်နဲ့အမျှ ပြောင်းလဲနေတာပဲလေ ၊ ဒီနေ့ငါက မနေ့ကငါထက် မင်းကိုပိုမုန်းနေတာ မဆန်းပါဘူး "

♥🆁︎🅴︎🅵︎🅻︎🅴︎🅲︎🆃︎🅸🅾︎🅽︎♥Where stories live. Discover now