🖤-6 [ Zawgyi × Unicode ]

552 79 3
                                    

Unicode

' ပါးပါး '

' မင်းပါးစပ်ပိတ်ထား ရမ်ဂျွန်း '

စိတ်တိုတိုနှင့် ဖိဟောက်ကာ ဗီရိုထဲရှိ အဝတ်တွေအား Laggageထဲ ပစ်ထည့်ပစ်လိုက်သည် ။

' ဒေါ်ကြီး ဖရက်ဒီကို ခေါ်လိုက် '

' ဟုတ်ကဲ့ သခင်လေး '

ကျနော့်ရဲ့ဒေါသတို့အားကြည့်ကာ ဒေါ်ကြီး ပြာယာခတ်လို့နေသည် ။

' အဝတ်အစားလဲထား ရမ်ဂျွန်း ၊ အခုချက်ချင်း Beijingကို ပြန်မယ် '

' ပါးပါး '

' ငါ့ကိုအထွန့်မတက်နဲ့ ရမ်ဂျွန်း ၊ ငါကလုပ်ဆိုအခုလုပ် '

တံခါးအားဆောင့်ပိတ်ကာ လိုအပ်သည်များကို ပြင်ဆင်လိုက်သည် ။

' ဘာအဆင်မပြေဖြစ်လို့လဲ လုဟန် '

မေးခွန်းနှင့်အတူ အိမ်ထဲလှမ်းဝင်လာသည့် ဖရက်ဒီအား စိတ်မသက်မသာနှင့် သူခေါင်းခါပြလိုက်သည် ။

' မင်းတူကိုသွားခေါ်လိုက် ဖရက်ဒီ ၊ ငါကားပေါ်ကပဲ စောင့်နေမယ် '

ခေါင်းတစ်ခါခါနှင့် ဖရက်ဒီ သားအခန်းထဲသို့ ဝင်သွားသည် ။

သူလည်းထိုင်နေရာမှထကာ ကားဆီသို့ လျှောက်လာခဲ့လိုက်သည် ။

ဆူပုတ်မှုန်ကုတ်နေတဲ့ မျက်နှာနှင့် သားက ဖရက်ဒီနောက်မှာ ခပ်ကုတ်ကုတ်လိုက်လာသည် ။

' ဖရက်ဒီ မင်းလူတွေပါလာလား '

' အင်း အပြင်မှာ ကားနှစ်စီးပါတယ် '

' ကောင်းတယ် ၊ ငါပြောမယ် သေချာနားထောင် ၊ အသားဖြူဖြူ အရပ်ရှည်ရှည် ဆံပင်အဖြူရောင်နဲ့ ဂျွတ်ဆက်ဆက်ကောင် ကားရှေ့ပိတ်ရပ်ရင် အသေသာတိုက်သတ်ပစ်လိုက် '

' ပါးပါး '

' မင်းပါးစပ်ပိတ်ထား '

' ဂျဲနိုက ဘာအပြစ်ရှိလို့လဲ '

' မင်းကိုငါပိတ်ထားလို့ပြောနေတယ် '

' ပါးပါး မတရားဘူး '

' ဖရက်ဒီ ၊ မင်းမှာတိတ်ခွေမပါဘူးလား '

' ဘာလုပ်မလို့လဲ လုဟန် '

♥🆁︎🅴︎🅵︎🅻︎🅴︎🅲︎🆃︎🅸🅾︎🅽︎♥Donde viven las historias. Descúbrelo ahora