🖤-11 [ Zawgyi × Unicode ]

450 72 6
                                    

Unicode🖤

" သား !!! "

ညနက်တွေကို ဖြတ်ကျော်ကာ ဟိန်းထွက်လာတဲ့ ကျွန်တော့်အသံက တုန်လှုပ်ခြောက်ခြားစွာ ။

" လုဟန်  သား ဘာဖြစ်တာလဲ "

စိုးရိမ်မှုအပြည့်နှင့် အခန်းထဲဝင်ကာမေးလာသည့် ဒယ်ဒီ့အား စကားမဆိုဖြစ်သေး ။

မောဟိုက်မှုတွေကြား အသက်ကိုသာ အပြေးအလွှား လုရှူနေရသည် ။

" ရော့ သား ရေသောက်လိုက်အုန်း "

" ပါးပါး "

" ပါးပါးရှိတယ်သား "

" သားလေး သားလေး ဒုက္ခရောက်နေပြီ "

ငိုသံစွတ်နေတဲ့ ကျွန်တော့်ရဲ့နှုတ်ခမ်းပါးလေးတွေက သားဇောကြောင့် တုန်ရီလို့နေသည် ။

သားမရှိတဲ့သောကက ဒီလိုမျိုးလား ။

ဒါဆို ကျွန်တော် ဆယ်ဟွန်းမျက်နှာတစ်ရွာထင်ခဲ့တုန်းက ပါးပါးလည်းဒီလိုပဲ ပူလောင်ခဲ့တာပေါ့ ။

ကျွန်တော် ဝဋ်လည်နေတာများလား ။

" သား "

" ပါးပါး သားတစ်ခုခုဖြစ်နေတယ် "

" သားအိပ်မက်ဆိုးတွေမက်နေတာပဲ "

အသားအရည်တွေ ရော်ရင့်နေတဲ့ လက်ချောင်းတွေက နှဖူးပြင်နုနုက ချွေးစလေးတွေကို နူးညံ့စွာသုတ်သင်ပေးလို့နေသည် ။

" ကျွန်တော်ခံစားနေရတာ ပါးပါး ။ သားရဲ့သောကတွေကို ကျွန်တော်ခံစားနေရတာ "

" ပါးပါး ကိုယ်ချင်းစာပါတယ် ။ ကဲ သား ပြန်အိပ်လိုက်တော့ "

" ဟင့်အင်း ပါးပါး ။ ကျွန်တော် သားမျက်ရည်တွေကို မြင်နေရတယ် ။ သားရဲ့ရှိုက်သံတွေကို ကြားနေရတယ် "

" သား ပါးပါးပြောမယ် နားထောင် ။ သားမြေးလေးကိုသိပ်ချစ်သလို ပါးပါးလည်း သားကိုသိပ်ချစ်တာပဲ ။ မြေးလေးကို မတွေ့လို့ ပူလောင်နေရတဲ့သားရဲ့သောကကို မြင်နေရတဲ့ ဖအေတစ်ယောက်ရဲ့ရင်ထဲမှာလည်း မီးတောက်တွေအပြည့်ပါပဲ သားရယ် ။ မြေးလေးကို ပါးပါးမတွေ့တွေ့အောင် ရှာပေးပါ့မယ် ။ သားစိတ်အေးအေးထားနော် "

♥🆁︎🅴︎🅵︎🅻︎🅴︎🅲︎🆃︎🅸🅾︎🅽︎♥Where stories live. Discover now