🖤-10 [ Zawgyi × Unicode ]

534 75 6
                                    

Unicode🖤

" သား "

ပါးပါးခေါ်သံအဆုံး မွေ့ယာပေါ်မှထကာ မျှော်လင့်တကြီး ပါးပါးကိုမော့ကြည့်လိုက်သည် ။

ပါးပါးမျက်ဝန်းတွေက အရောင်ဖျော့ ညှိုးရော်၍နေသည် ။

အခြေအနေကို ကျွန်တော်ရိပ်စားမိလာသလိုပဲ ။

" ပါးပါး ဂျွန်းလေးရောဟင် "

ဖြည်းညှင်းစွာ ပါးပါးက ခေါင်းခါသည် ။

" မတွေ့ဘူးသား "

" ဒုက္ခပါပဲ ။ သားတစ်ခုခုဖြစ်သွားရင် ကျွန်တော်ရင်ကျိုးမှာ "

" သား မြေးလေးကိုချစ်သလို သားကိုလည်း ပါးပါးဘယ်လောက်ချစ်တယ်ဆိုတာ သိတယ်နော် ။ မြေးလေးကိုစိတ်ပူတာလည်းပူပေါ့ ။ အစားလေးဘာလေးလည်း စားပါအုန်းသားရယ် "

" သားဘာတွေဖြစ်နေမှန်းမသိပဲနဲ့ ကျွန်တော်ဘယ်လိုလုပ်ပြီးစားဝင်မှာလဲ ပါးပါး "

" ပါးပါး ရဲတွေကို စုံစမ်းခိုင်းထားပါတယ် ။ ရီရှင်းလည်းနေရာအနှံ့လိုက်ရှာနေတယ် "

" အဲ့ဒါ ဟိုကောင်အိုဆယ်ဟွန်းလက်ချက်ဆိုတာ ကျွန်တော်သိတယ်ပါးပါး "

" အိုဆယ်ဟွန်း "

" ဟုတ်တယ်ပါးပါး ။ သူကျွန်တော့်နားချဉ်းကပ်လာတာ အကြောင်းမဲတော့ မဟုတ်ဘူး ။ တမင်တကာ သားကို သူ့သားအတွက် ခေါ်ထုတ်သွားတာ "

" အဲ့ဒါကို သားကဘာလို့သတိမထားခဲ့တာလဲ "

" ကျွန်တော် "

" သားအသက်က ကလေးမဟုတ်တော့ဘူး လုဟန်။ အမှားနဲ့အမှန်ကို ချင့်ချိန်ခွဲခြားတတ်နေပြီ ။ အိုဆယ်ဟွန်းကို သံယောဇဉ်မပြတ်သေးရင်တောင် သားစိတ်လှုပ်ရှားဖို့မလိုတော့ဘူးလေ "

" အဲ့လိုမဟုတ်ဘူးပါးပါး ။ ကျွန်တော့်ကိုသားလိမ်သွားတာ ။ သူကိုယ်တိုင် ဆယ်ဟွန်းနဲ့ပေါင်းကြံပြီး ကျွန်တော့်ကိုတပတ်ရိုက်သွားတာ "

" သွေးကစကားပြောတယ်နဲ့တူပါတယ် "

" ဟင့်အင်း ပါးပါး ။ သားကကျွန်တော်တစ်ယောက်တည်းရဲ့သား ။ ဆယ်ဟွန်းသားမဟုတ်ဘူး "

♥🆁︎🅴︎🅵︎🅻︎🅴︎🅲︎🆃︎🅸🅾︎🅽︎♥जहाँ कहानियाँ रहती हैं। अभी खोजें