🖤-3 [ Zawgyi × Unicode ]

722 85 0
                                    

 [ Unicode ]

            🖤 ၁၃နှစ်ခန့်ကြာသော် 🖤

American နိုင်ငံ New  York Cityရဲ့ လှပမှုက တော်တန်ယုံမဟုတ် ။

နေရာတိုင်းအလိုလို ကင်မရာတစ်လုံးဖြင့် ဓာတ်ပုံရိုက်မှတ်တမ်းတင်နေရင်း မြင်ကွင်းထဲဝင်လာသည့် ရန်ပွဲတစ်ခု ။

ရန်ပွဲဆိုသော်ငြား ဟိုဘက်ဒီဘက် အကြိတ်အနယ် ထိုးသတ်နေသည့်ပွဲတော့မဟုတ် ။

လူငါးယောက်ကို တစ်ယောက်တည်း ခုခံကာ ထိုးကြိတ်နေသည့်  မမျှတသည့် ပွဲတစ်ခုသာ ။

မှောင်ရီဝိုးတဝါးအချိန်မို့ လူသွားလူလာ အနည်းငယ်ကြဲပါးနေသည့် ထိုနေရာမှာ သူ့ကိုကယ်တင်နိုင်တာဆိုလို့ ကျနော့်အပြင် အခြားမရှိ ။

အနီးအနားမျက်လုံးကစားလိုက်ပြီး နီးစပ်ရာ လက်နက်တစ်ခုကို ကျနော်ရှာဖွေကြည့်မိသည် ။

ဟောတွေ့ပါပြီ ။

လမ်းစောင်းဘေးထိုးစိုက်ထားသည့် သံတုတ်တွေ ။

အားအနည်းငယ်သုံးကာ သံတုတ်တစ်ချောင်းကို ဆွဲယူနုတ်လိုက်ပြီး နီးရာ လူတစ်ယောက်၏ နောက်စေ့အား ပြေးရိုက်ပစ်လိုက်တာမို့ ထိုလူ့ဒေါသတွေက ကျနော့်ဆီ ဦးတည်လှည့်လာသည် ။

ကူညီချင်စိတ်နှင့်သာ စော်ထည့်လိုက်ပေမဲ့ တကယ်တမ်းတော့ ကျနော်ဟာ သွေးရှိတဲ့သူ မဟုတ် ။

တုန်ရီနေတဲ့လက်ချောင်းများနှင့် တုတ်ကိုတင်းတင်းကိုင်ပြီး တံတွေးတို့အား မြိုချပစ်နေရတာ အခါခါ ။

ဒီလူကျနော့်ကို ဘာမှမလုပ်လောက်ဘူး မဟုတ်လား ။

🖤 ခင်ဗျားနော် အနားကပ်မလာနဲ့နော် 🖤

တစ်လှမ်းချင်းတိုးလာတဲ့ ထိုလူအား ကြောက်ရွံ့စွာ နောက်ဆုတ်ရင်း လမ်းကျဉ်းလေး၏ နံရံနဲ့ကျနော့်ကျောက ကပ်ချေပြီ ။

ထပ်တိုးစရာလည်းမရှိတော့တာမို့ နောက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး သံတုတ်အား တောင်တောင်မြောက်မြောက် ဝေ့ယမ်းပစ်လိုက်သည် ။

🖤 ငါမင်းကိုမကြောက်ဘူးများ ထင်နေလား 🖤

အထစ်ထစ်အငေါ့ငေါ့ စကားတို့အား ဆိုနေရင်း ကျနော်အတော်လေး သွေးပျက်နေမိပြီ ။

♥🆁︎🅴︎🅵︎🅻︎🅴︎🅲︎🆃︎🅸🅾︎🅽︎♥Where stories live. Discover now