.
.
.
.
."CEO...ငွေအလွဲသုံးစားလုပ်တဲ့သူကို သိရပါပြီ"
ဖိုင်တွဲတွေကို စစ်ဆေးနေတုန်း Jungkook ချက်ချင်းမော့ကြည့်လာသည်။
"ဘယ်သူလဲ"
"မန်နေဂျာ Min....သူပဲ CEO....သူက ငွေကိုင်
လေ...ပြီးတော့ သူ့မှာ အကြွေးတွေပတ်လည်
ဝိုင်းနေတယ်လို့ သိရတယ် CEO""ဘာ....."
တောက်...💥💥
Jungkook ဒေါသတကြီး တက်ခေါက်လိုက်သည်။
"အဲ့ဒါ ကျွေးတဲ့လက်ကို ပြန်ကိုက်တာ"
မျက်မှောင်ကျုံ့ပြီး လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဒေါသနဲ့အတူပြောနေသော Jungkook ပုံဟာ သိပ်ကြောက်ဖို့ကောင်းသည်။
"သူ့အိမ်အခုချက်ချင်း သွားမယ်...လူ (၁၀) ယောက်
ကို ခေါ်လိုက်...အတွင်းရေးမှူး Jung.. ဥက္ကဌကို
ပြောလိုက်ပါ ..ကျွန်တော်ပြဿနာသွားရှင်းတယ်
လို့...မင်းမလိုက်နဲ့တော့...ကျွန်တော်တစ်ယောက်ထဲသွားမယ်""ဖြစ်ပါ့မလား CEO"
"မဖြစ်နိုင်စရာလား...ကျွန်တော်မှာတာ မမေ့နဲ့နော်"
"Nae..."
Hoseok ကိုမှာစရာရှိတာမှာပြီးတာနဲ့ သူ့ကိုလာ
ပြောပြတဲ့ ကောင်လေးနဲ့အတူ အခန်းထဲက ထွက်
လာပြီး အပြင်မှာစောင့်နေတဲ့ Bodyguard (၁၀) ယောက်နဲ့အတူ မန်နေဂျာ Min အိမ်ကို ထွက်လာခဲ့လိုက်သည်။.
.
.
.
.
.
.
."Taehyung က ကလေးတွေကို တစ်ခါတည်းကျောင်းက ဝင်ခေါ်လာမယ်တဲ့"
"ဟုတ်...သူကျွန်တော့ကို ဖုန်းဆက်တယ် အန်တီ"
"Seokjin..သား Taehyung ကို လက်ထပ်ဖို့
စောင့်ခိုင်းထားတယ်ဆို""အာ...အဲ့လိုမဟုတ်ပါဘူး အန်တီ....ကျွန်တော်က အလုပ်မရှိသေးဘူးလေ...အလုပ်မယ်မယ်ရရရှိမှ အိမ်ထောင်ရေးကို ကျွန်တော်စဉ်းစားချင်လို့ပါ...
ပြီးတော့ ကျွန်တော် Taehyung ကိုပဲ လက်ထပ်မှာပါ...ဟီး...""အန်တီတို့က သဘောတူတယ်ဆိုတာ သိတယ်
မလား...Taehyung ကသားကို သိပ်ချစ်တယ်...
သူစကားပြောရင် သားအကြောင်းက မပါမဖြစ်ဘဲ"
![](https://img.wattpad.com/cover/242439889-288-k651029.jpg)
YOU ARE READING
𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionတစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ တစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ Main couple - Kookjin / Vmin Side couple - Taejin / Sope Yoai Romance
🐰 Episode - 3 🐹
Start from the beginning