🐰 Episode - 1 🐹

Start from the beginning
                                    

"Arrnyi မပါတော့ဘူး...ဒါဆို ငါသွားတော့
မယ်နော်"

"အင်း"

Tae Hyung လည်း ဘောလုံးကောက်ကာ ပြန်ဖို့ လှည့်အထွက် နောက်က ကြားလိုက်ရတဲ့ စကားသံလေး ...

"Jin Hyung..ဘယ်လိုလုပ်မလဲ..Hyung ရဲ့ သတို့သမီးလေးက မလှတော့ဘူး...သဲတွေ
ပေသွားပြီ"

ခုနကဘောလုံးမှန်တုန်းက လန့်ပြီးလက်ကအရုပ်မ
လေးကို ပစ်ချလိုက်တာမို့ ညစ်ပတ်သွားတဲ့အရုပ်
ကိုကောက်ပြီး Namjoon က ကစားပွဲပျက်သွားသောကြောင့် ဆူပုပ်ပုပ်လေး ပြောရှာသည်။

"ရ..."

"ငါလုပ်ပေးမယ်...သတို့သမီးရဲ့အဖေတော့မဟုတ်ဘူး....မင်းရဲ့သတို့သားအနေနဲ့..."

သူပြောမလို့ဘဲရှိသေး...အနောက်ကဖြတ်ပြောလာတဲ့ Taehyung ကြောင့် Seokjin လှည့်ကြည့်လိုက်သည်။

သတို့သမီးလေးပျက်စီးသွားသည်မို့ သတို့သားနေရာကဝင်ပါလည်း မဆိုးပါဘူးလေ..။

"Komawo....Taehyung ah"

Boxy smile လေးကိုချိတ်ဆွဲပြီး Taehyung ကသူ့နားလာရပ်သည်။

"သတို့သားနှစ်ယောက် လက်စွပ်ဝတ်
ပေးနိုင်ပါပြီ"

ပြောပြီး Namjoon က အင်္ကျီအိတ်ထဲက ကစားစရာ ပန်းလက်စွပ်လေးတစ်ကွင်းကို ထုတ်ပေးတော့ သူယူလိုက်ပေမယ့် သူ့လက်ထဲကနေ Taehyung က ဆွဲယူသွား၏။

"ငါဝတ်ပေးမယ်"

Taehyung ကဝတ်ပေးမယ်ဆိုတော့လဲ လက်လေး
သာ သူဖြန့်ပေးလိုက်ရုံပေါ့..

"သတို့သားနှစ်ယောက် Popo ပေးနိုင်ပါပြီ"

ထပြောလာသော Namjoon ကြောင့် Taehyung ချက်ချင်းပင် Seokjin ပါးဖောင်းဖောင်းလေးတစ်
ဖက်ကို နမ်းရှိုက်လိုက်သည်။
ကလေးစိတ်နဲ့မို့ ဘာမှထွေထွေထူးထူးမရှိ..

"မင်္ဂလာပွဲအောင်မြင်စွာ ပြီးဆုံးသွားပါပြီ"

"ရေး....ရေး...."

ဒီတော့မှ ဘေးကငြိမ်နေတဲ့ Min Yoongi တစ်
ယောက် ပွဲကြည့်ပရိတ်သတ် တစ်ယောက်လို လက်ခုပ်လက်မောင်းတီးရင်း ထအော်လေသည်။

သူတို့သည် (၆) နှစ်အရွယ် ကလေးလေးတွေသာ....

ထိုချိန်ကစပြီး သူတို့ညီအစ်ကိုသုံးယောက်နဲ့ Taehyung တစ်ယောက်ရင်းနှီးကျွမ်းဝင်လာခဲ့ပြီး အချိန်တွေကြာလာတာနဲ့အမျှ Seokjin အပေါ် အဖြူရောင်သံယောဇဉ် လေးကနေ အရောင်တွေ
စွန်းထင်စေခဲ့သည်။

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now