"ဖေဖေ့ကိုရိုက်ရမှာ ဟုတ်လား သား..."

"အင်း....ရိုက်ရိုက်..."

"ဟာ...သားငယ်က ဘာလို့ဖေဖေ့ကိုရိုက်စေချင်တာလဲ?...
ဖေဖေကဘာလုပ်လို့လဲ?..." လို့ ပြောလိုက်တော့..သူ့ပါပါးကိုကြည့်လိုက်ပြီး ကျွန်တော့်ကိုတစ်ချက်ပြန်ရိုက်ကာ..သူ့ပါပါးလည်ပင်းကို ဖက်ထားတယ်..

"သြော်...သားငယ်က သူ့ပါပါးဘက်ကနာလို့ ဖေဖေ့ကိုရိုက်တယ်ပေါ့လေ...လာခဲ့..." ဆိုပြီး..သားငယ်ကို အသေးလေးဆီက ပြောင်းယူလိုက်ပြီး ကလိလည်းထိုးပေးလိုက်ရော...

"ခစ်...ခစ်..." ဆိုပြီး တစ်ခန်းလုံးသားငယ်ရဲ့ရယ်သံတွေနဲ့ ပြည့်နှက်သွားတယ်...

သားငယ်တွေရဲ့ရယ်သံကြားမှ..သားကြီးက အခုမှ အိပ်မက်ကနိုးလာသည့်အလား ကုန်းထပြီး ကျွန်တော်တို့ကိုကြည့်နေတယ်..။

"ပါး...ပါး..."

"အေးအေး..လာ လာ..ပါးဆီကိုလား..." လို့ပြောလိုက်တော့..သားကြီးက ကုန်းထကာ..သားတို့ကလမ်းလျှောက်တတ်နေသည်မို့..ကျွန်တော့်ဆီလျှောက်လာပြီး ပြေးဖက်လာတယ်...

"တွ့လား..ကိုဘုန်းကြောင့် သား၂ယောက်လုံးနိုးသွားပြီ...အစောကြီးထဲက လွှတ်ပေးပါဆိုတာကို...ဟွန့်..."

"အသေးလေးကလည်း.." ဆိုပြီး ကျွန်တော့်ဆီလှမ်းလာတဲ့ လက်ကို ရိုက်လိုက်တော့...

"ခစ်...ခစ်..." ဆိုပြီး သား၂ယောက်လုံးက ရယ်နေကြတယ်...

"အောင်မယ်...ခင်ဗျားလေးတို့ပါပါးတို့ချတော့ ရယ်နေကြတယ်ပေါ့လေ.."

"ခစ်ခစ်..ခစ်ခစ်.."

"လာခဲ့...အမြွာ၂ကောင်လုံး...
ကလိထိုးပြစ်မယ်.." ဆိုပြီး ကိုဘုန်းကသား၂ယောက်ကို ကုတင်ပေါ်လှဲချကာ ကလိထိုးနေရင်း..ကျွန်တော့်ကိုလည်း သွားဖို့ မျက်စပြစ်ပြနေတာမို့..ကျွန်တော်လည်း သူတို့အလစ်ထွက်လာပြီး..ရေချိုးခန်းထဲဝင်လာလိုက်တယ်..။

ကျွန်တော်မျက်နှာသစ်သွားတိုက်ပြီးလို့ အပြင်ထွက်လာတဲ့အချိန်ထိ..ကိုဘုန်းက သားတို့ကို မြှုနေတာမို့..ကျွန်တော်လည်း မနက်စာပြင်ဖို့အတွက်အောက်ကိုဆင်းလာခဲ့လိုက်တယ်...

MY ONLY ONE (completed)Where stories live. Discover now