Yeol ထွက်သွားတာကို Kyung Soo လိုက်ငေးနေလိုက်သေးတယ်

^ကိုကို က နောက်ကျောဘက်တောင် Smart ဖြစ်နေတာမျိုးပေါ့^

"ဟျောင့် မျက်လုံးကြီးကပ်ပါသွားမယ်"

"ကပ်ပါစရာလား စဥ်းစားလေ"

"အော်.. ခုနတော့ သူမဟုတ်တဲ့အတိုင်း ချွဲနေတာဘယ်သူများပါလိမ့်"

"တခြားလူနေမှာပေါ့"

နှစ်ယောက်တွေ့တာနဲ့ ဘုနဲ့ဘောက်ပဲ
ငယ်သူငယ်ချင်းတွေဆိုတော့လည်း

"နေပါအုန်း မင်း ခုနဘယ်ရောက်နေတာလဲ"

"ငါလား ဟိုနားမှာလေ"

"မတွေ့ပါဘူးကွာ"

"ငါ ရှိတယ်ဆို ရှိ.. ရှိတယ်ပေါ့"

"စကားတွေထစ်နေတာလား"

"ထစ်စရာလား စဥ်း.."

"Byun Baekhyun "

"ဟုတ် တီချယ်"

"ခုထိစကားများနေသေးတယ်"

"အား! နာတယ် တီချယ်"

လက်သံပြောင်တာ နှစ်ယောက်မရှိတဲ့ အတန်းပိုင်ဆရာမရဲ့ နားရွက်လိမ်ဆွဲတာ ခံလိုက်ရတဲ့ Baek ရယ်ပါ

"အားလုံး အခန်းထဲဝင်လို့ရပြီနော်"

*************************

Yeol နောက်ဆုံးနှစ်မလို့ နာရီဝက်ထပ်ဖြေရတော့ Kyung Soo နဲ့ Baek ကျောင်းဆောင်ရှေ့က ထိုင်ခုံလေးမှာ ထိုင်စောင့်နေကြတယ်
တွေ့တိုင်းသာ ဘုကလန့်တွေပြောနေတာ နှစ်ယောက်လုံး သံယောဇဥ်ရှိကြသား

"​ကိုကို လာရင် မုန့်သွားစားကြမယ် လိုက်မယ်မလား"

"မလိုက်တော့ဘူး ငါ ခုဗိုက်ဆာနေပြီ မနက်က မုန့်ပဲစားခဲ့ရလို့"

"စာမေးပွဲရက်ကို အိပ်ပျော်နေတာလား"

မုန့်ပဲစားရတယ်ဆိုတာနဲ့ Kyung Soo တန်းသိပြီးသား အကျင့်တူလို့ ပေါင်းလို့ရနေတာကို

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now