"အင်းပါ..."

"အသေးလေး အခုယောက်ျားလေးအမြွာပူးမွေးတာနော်..."

"အင်းလေ...ကျွန်တော်တို့မှာ နောက်ထပ်မိသားစုဝင်၂ယောက်ထပ်တိုးလာပြီ...
ပြောရင်းနဲ့ သားတို့ကိုတောင် တွေ့ချင်လာပြီ.."

"သားတို့ကို ကြီးမြနဲ့ဖိုးဖိုးသွားခေါ်တယ်..
မကြာခင် ပြန်လာတော့မှာပါ..
အခု အသေးလေးက ယောက်ျားလေးမွေးတာဆိုတော့..ကိုယ်မှန်းတာမှန်သွားပြီနော်..."

"သားတို့ကလည်း..အခုချိန်ထိကို မလာသေးဘူး..ပါပါးကတွေ့ချင်နေပါပြီဆိုမှ..."

"အဟက်..ကိုယ့်ကို စကားလမ်းကြောင်းလွှဲမနေနဲ့..အသေးလေး...
ကိုယ်မှန်းတာမှန်တဲ့အပြင်..အခု ၂ယောက်တောင်ထွက်လာတာနော်.."

"ကျွန်တော်က ဘာပြောနေလို့လဲ?.."

"အသေးလေး ကိုယ့်ကတိ ကိုယ်တည်ဖို့သာပြင်ထား...ဟင်းဟင်း..."

"ကျွန်တော် ဆေးရုံကတောင်မဆင်းရသေးဘူး...နေကောင်းလားမမေးဘူး...
နှာဘူးကျဖို့က အရင်စဉ်းစားနေတယ်.."

"အသေးလေးကလည်း..
အမှန်ဆို..အသေးလေး..ကိုယ့်ကိုအခုလိုမပြောသင့်ဘူး..
ကိုယ့်မှာ..အသေးလေး ကိုယ်ဝန်ဆောင်တဲ့အချိန်တုန်းကလည်း..ကလေးတွေတစ်ခုခုဖြစ်မှာစိုးလို့.. အသေးလေးကို မထိရက်မကိုင်ရက်ဘဲ ကိုယ့်ဘာသာဖြေရှင်းခဲ့ရတာ...
ကိုယ်ပြောထားတာကလည်း..သားတို့၁လပြည့်မှ အတူနေမယ်လို့ပဲ ပြောထားတာလေ..ဟင့်.."

"အင်းပါ..အင်းပါ..
စိတ်မကောင်းဖြစ်တဲ့မျက်နှာမျိုးလုပ်မနေနဲ့..
ကျွန်တော်ပြောထားတာ ကျွန်တော်သိပါတယ်.."

"အခု..စရံအနေနဲ့ ကိုယ်အရင်ကြိုနမ်းထားလို့ရမလားဟင်.."

"ဘာ!!..
အခု..ဆေးရုံက အခန်းထဲမှာနော်..
ဘူးမထနေ...အု...အု..."

ကျွန်တော့်ကိုနှုတ်ခမ်းလေးတထော်ထော်နဲ့..ပြန်ပြန်ပြောနေတဲ့အသေးလေးကိုကြည့်ပြီး..နမ်းချင်တဲ့စိတ်တွေကတဖွားဖွားဖြစ်လာတာမို့..အသေးလေးရဲ့နှုတ်ခမ်းလေးကို နမ်းလိုက်တယ်..။ ဘယ်အချိန်နမ်းနမ်း..အသေးလေးရဲ့နှုတ်ခမ်းက ကျွန်တော့်အတွက်တော့ ပျော့အိအိ ဂျယ်လီတုံးလေးလိုပဲ..။

MY ONLY ONE (completed)Where stories live. Discover now