Arc 1 (အပိုင်း ၁၅) {Z+U}

Start from the beginning
                                    

[သူရူးနေပြီ။ အနီးကပ် တိုက်ချင်နေတာ
ဟ။]

[စိတ်ပူတယ် အား.... ဘာလို့ မပြေးတာလဲ။
ဘော့စ်က အရမ်းကြီးလွန်းတယ်။]

[ရှောင်ကောကော ...ပြေးတော့ အာာာာာား]

အမျိုးသမီးဘော့စ်သည် သားကောင်၏ ပြု
မူပုံကို နောက်တစ်ကြိမ် ထင်မှတ်မှားသွား
၍ စက္ကန့်အနည်းငယ်ကြာ ကြောင်သွား
သည်။ ထို့နောက် ကမူးရှူးထိုး တိုက်ခိုက်
ပြီး သူမ၏သားကောင်ကို အမှုန့်ကျိတ်ပစ်
ချင်နေသည်။

သူမက အလွန်အင်မတန် အားကြီးပြီး ဖျက်
စီးနိုင်စွမ်းရှိသော်လည်း တစ်ခါတိုက်ပြီး
လျှင် တစ်စက္ကန့်၊နှစ်စက္ကန့်မျှကြာအောင်
နားရသေးလေသည်။ ရှဲ့ရှင်းလန်၏ အာရုံ
ခြောက်ပါးလုံး ထိပ်ဆုံးသို့ရောက်သွားကြ
သည်။ သူ၏ စွမ်းရည်နှင့် ဖြတ်လတ်မှုအား
အသုံးပြုကာ သူမ၏တိုက်ခိုက်မှုမှန်သမျှ
ကို တိကျစွာရှောင်တိမ်းပြီး ဟာကွက်များ
ကို နင်း၍ပြန်တိုက်တော့သည်။

အမျိုးသမီးဘော့စ်၏ တိုက်ကွက်ဟူသမျှ
သည် သူ၏ခြေထောက်များကို အမြင့်ကြီး
မပြီး အောက်သို့ပြန်ချသည်သာပါသည်။
မညီမျှသည့် ခွန်အားက သူမကို ဒယီးဒ
ယိုင်ဖြစ်စေသည်။  နောက်တစ်ခါ ထပ်လွဲ
သွားပြန်ပြီး သူမ၏ဘယ်ဖက်ရှေ့ခြေက
ကြမ်းပြင်သို့ သွားစိုက်ကာ အုတ်ပြားများနှင့်
ကျောက်တုံးများ ကွဲထွက်လာစေသည်။

ရှဲ့ရှင်းလန်သည် အခွင့်အရေးကို အမိယူပြီး
အမျိုးသမီးဘော့စ်၏ တစ်ဖက်သို့ ရွှေ့ကာ
ဒေါင်လိုက်ခုန်လိုက်ပြီး သူမ၏ ဘယ်ဖက်
ရှေ့ခြေပေါ်သို့ ခုန်တက်လိုက်သည်။ ရုတ်
တရက် အလေးချိန်ဖိအားက အမျိုးသမီး
ဘော့စ်၏ ဘယ်ဖက်ရှေ့ခြေကို ပို၍ကျွံဝင်
သွားစေကာ ပြန်ဆွဲထုတ်ရန် ခက်သား
သည်။

အမျိုးသမီးဘော့စ်သည် ဒေါသတကြီးဖြင့်
အော်ဟစ်လိုက်သည်။ သေချာပေါက် လူ
သားတစ်ယောက် လှည့်စားခြင်းကို ခံလိုက်
ရမည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။

ရှဲ့ရှင်းလန်သည် နီးကပ်သွားသည်ကို အခွင့်
ကောင်းယူပြီး တိုက်ခိုက်ဖို့ရာ ကြိုးစား
သော်လည်း အမျိုးသမီးဘော့စ်က အတော်
ကို မာလွန်းသည်။ ဓားက သူမကို ဖောက်
မထွက်နိုင်ပေ။

ကိုယ်တူစိတ်ခွဲ ချစ်သူ ( 灵异片演员app)Where stories live. Discover now