အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆

Start from the beginning
                                    

သူ ချစ်ရသူများ ရှိသည့်နေရာ၊ မနက်ခင်းတိုင်း ကျယ်လောင်စွာ သူ့အား လာနှိုးတတ်သော ကောင်လေး၊ ဆံပင်များအား လာဖြီးသင်ပေးတတ်သည့် အကိုကြီး၊ ဟွားအယ်ဟု အော်ကာ အဖော်လုပ်ပေးရန် အိမ်ထဲဝင် ပြန်ပေးဆွဲတတ်သည့် ရှင်းရန်၊ ယပ်တောင်တစ်ချောင်းအား အမြဲကိုင်ထားတတ်ပြီး သူ ပူဆာသမျှ အလိုလိုက်တတ်သည့် ရှင်း၊ အနက်ရောင်ဝတ်ရုံများအား အမြဲဝတ်ဆင်၍ သူ့အား ဟွားဟုခေါ်ကာ အမြဲကာကွယ်ပေးတတ်သော ကျန်းဖုန်း၊ ထိုသူတို့ရှိရာ ချစ်ခြင်းမေတ္တာများ လွှမ်းခြုံနေသည့် ထိုရှေးကျသည့်နေရာလောက် ဘယ်နေရာမှ သူ၏ မျက်လုံးထဲတွင် လှပမနေပါ။

လောကကြီးသည် ဖြူစင်သော မေတ္တာတရားတို့နှင့် ပြည့်နှက်နေပါက နေရာတိုင်းသည် လှပနေပေလိမ့်မည်။

ထူးခြားလှပသောနေရာဖြစ်သော်လည်း လှုပ်ရှားသွားလာနေသူတို့၏ အတွင်းစိတ်တို့အား သူ မသိရှိနိုင်။ မည်သူ့မျှလည်း သူ မယုံရဲပါ။ ထိုလူများထဲတွင် အမတ်ချုပ်ကြီး၊ မယ်တော်ကြီး၊ ရီရီ နှင့် ကျောက်ဟွမ်ကဲ့သို့ လူများစွာလည်း ပါရှိနိုင်သည်။

ကျယ်ပြောလှသော ကမ္ဘာကြီးတွင် တစ်ယောက်တည်းရှင်သန်နေရသူ သူ့အတွက် အရမ်း အထီးကျန်စရာ ကောင်းလှသည်။ သူ၏ ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုတို့သည် အထီးကျန်ဆန်မှုအား ဖြည့်ဆည်းမပေးနိုင်ကြ။ သူ၏ ခေတ်ကမ္ဘာတွင် သူ့အား စိတ်ရင်းမှန်ဖြင့် ချစ်သည့်သူ တစ်ယောက်တလေမျှ ရှိမနေပေ။ သူ၏ အရည်အချင်းများနှင့် သူ၏ပိုင်ဆိုင်မှုကို ချစ်ကြသူများသာ။

ထိုစဉ် လူအုပ်ကြားထဲမှ ရင်းနှီးနေသည့် နောက်ကျောပုံရိပ်တစ်ခုအား သူ မြင်တွေ့လိုက်ရသည်။ စိတ်၏ စေရာအရ ချက်ချင်း လူအုပ်ကြားထဲ ပြေးဝင်ကာ ထိုလူအား လိုက်ရှာလိုက်မိသည်။ အချိန်တော်တော်ကြာ ရှာဖွေနေမိသော်လည်း သူ လုံးဝ မတွေ့တော့။ သူ အမြင်မှားခြင်းပေလား။ ထပ်ပြီး ကံကြမ္မာသည် သူ့အား လှည့်စားခြင်းပေလား။

ထူထပ်သော လူအုပ်ကြီး ကျဲသွားသည်အထိ ရီဟွား မျက်နှာအား နေရာအနှံ့လှည့်ကာ လိုက်ရှာနေမိသည်။ လုံးဝ မတွေ့ရသောအခါ သူ နေရာတွင် စိတ်ပျက်အားလျော့စွာ ထိုင်ချလိုက်မိသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now