.......................

မောင်ကလေ ကျွန်တော့်ကို ဘယ်လို အကျပ်ကိုင်ရမလဲ အမြဲ စဉ်းစားနေသလားတောင်မသိ၊ လိုချင်တာမရရင် တခုခုချိန်းခြောက်ပြီးမှ မရရအောင် ယူတတ်သည်။

ဒါကလည်း ကျွန်တော် တစ်ယောက်တည်းကိုသာ လိုချင်တာ တောင်းတတ်ခြင်းဖြစ်သည်။ မောင်ကလည်း မအားသည်ဆိုတာကြောင့် Hotelကိုသာ လျှောက်ပတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ရေကူးကန်ကို မြင်မှ မောင့်ကို ရေကူးဖို့ရန် တောင်းဆို ကြည့်ရဉီးမည်။ ကြည့်ရင်းနဲ့ လမ်းလျှောက်ရတာလည်း ညောင်းလာပြီး ပျင်းလာတာကြောင့်

"J ကျွန်တော့်ကိုလေ မောင့်ဆီ ပို့ပေးပါလား"

"ဟုတ် ရပါတယ် ကျွန်တော် လိုက်ပို့ပေးပါ့မယ်"

ကျွန်တော်လည်း Jရဲ့ ဉီးဆောင်မှုနဲ့ မောင့်ရဲ့ Meetingရှိရာ Hallခန်းသို့ လိုက်လာတော့သည်။ Hallခန်းသို့ ဝင်လိုက်တော့ မြောက်မြားစွာသော ဝန်ထမ်းတွေက ခုံအသီးသီးနဲ့ ထိုင်နေကြ ကာ မောင်ကတော့ Stageပေါ်မှာ ရပ်ကာ စကားတွေ ပြောနေလေသည်။

"ကျွန်တော့်ဆီမှာ အလုပ်လုပ်ရတာတော့ ပျော်ကြမယ်မထင်ဘူး အခုချိန်က စပြီးတော့ပေါ့ ကျွန်တော် အမြင်မတော်ရင် ဘာမှ စစ်ဆေးမေးမြန်းနေမှာ မဟုတ်ပဲ အလုပ် ထုတ်ပစ်မှာပါ ဉပမာ တစ်ယောက်နဲ့ တစ်ယောက် Respectမရှိတဲ့အခါမျိုး အရင်က ဉီးမျိုးမြင့်ကြောင့် ခင်ဗျားတို့် ပေါ့လျော့နေရင် နေလိမ့်မယ် ကျွန်တော် စရောက်တဲ့ နေ့ကလည်း တော်တော်များများ
အဖြုတ်ခံရပြီးပြီဆိုတာ သိလောက်မှာပါ အလုပ်ကို ထွက်ချင်ပါတယ်ဆိုရင် အခုကတည်းက ထွက်သွားလို့ရပါတယ် စည်းကမ်းမရှိတာတွေ ကျွန်တော့်ကို လာမလုပ်ပါနဲ့"

မောင် ရုပ်တည်ကြီးနဲ့ ပြောနေပုံက ဝန်ထမ်းတွေ ကြောက်မကြောက်တော့ မသိ ကျွန်တော်တော့ ကြောက်သည်။ ကျွန်တော်သာ နားထောင်နေတဲ့ ဝန်ထမ်းနေရာမှာသာဆို ထွက်ပြေးသွားမိလိမ့်မည်။

ကျွန်တော် ဝန်ထမ်းထိုင်နေရာ ဘေးမှ ဖြည်းဖြည်းချင်း Stageရှေ့ဘက် ထောင့်စွန်းနားက ခုံမှာထိုင်လိုက်သည်။ ဘေးတွင်တော့ Jနဲ့ Davidက အသင့်အနေအထားဖြင့် ကျွန်တော့်အား ရပ်စောင့်နေသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now