လီလျိုကအဲလ်ဗစ်ရဲ့ရင်ခွင်ထဲကနေ ခေါင်းလေးထုတ်ပြီးလေလံပွဲတည်ရှိ မည့်နေရာကိုသူ့စိတ်ထဲကနေကြည့်နေ ရင်းပစ်မှတ်ကိုမျက်တောင်တစ်ချက် ခတ်အတွင်းလွဲသွားမှာစိုးသောကြောင့် မျက်တောင်တစ်ချက်မခတ်ပဲပတ်ပတ် လည်ကိုကြည့်နေမိသည်။

တကယ်တော့အဲလ်ဗစ်ရဲ့လက်ရှိ တည်နေရာကသူတို့သွားရမယ့်နေရာ ကိုသုံးဘလောက်လေးဘလောက် လောက်ကွာဝေးသေးသည်။အခြေခံ ကျကျပြောရရင်တော့အဲ့ဒီလောက် အစောကြီးကြည့်နေစရာအကြောင်း ကိုမရှိဘူးလေ။လီလျိုမှာအဲ့ဒီလိုပုံစံနဲ့ ဆယ်မိနစ်လောက်သာနေနိုင်လိုက်ပြီး ချက်ချင်းပဲသည်းမခံနိုင်တော့သော ကြောင့်သူ့မျက်နှာလေးကိုအဲလ်ဗစ်ရဲ့ ရင်ခွင်ထဲမှာပွတ်သပ်ပြီးပြန်ခွေနေလိုက် တော့သည်။အထူးသဖြင့်သူ့မျက်လုံး များကအချိန်တော်တော်ကြာမျက် တောင်မခတ်ရတာကြောင့်နာကျင်နေ ပြီးအကြိမ်တော်တော်များများပွတ်သပ် လိုက်မှသာအနည်းငယ်သက်တောင့် သက်သာခံစားလာရသည်။

သူ့မျက်လုံးတွေသက်တောင့်သက်သာ ဖြစ်ပြီးနောက်မှာလီလျိုကအရင်ကလို ပတ်ဝန်းကျင်ကိုအာရုံမစိုက်တော့ပဲ ဒီအတိုင်းအဲလ်ဗစ်ရဲ့ရင်ခွင်ထဲမှာသာ အနားယူရင်းသူတို့နဲ့လေလံပွဲကြားက အကွာအဝေးကိုစိတ်ထဲကသာတိုက်ရိုက် ကြည့်လိုက်တော့၏။

သူကအရင်ကလိုလည်းပတ်ဝန်းကျင် ကိုဝီရိယရှိရှိလိုက်ကြည့်မနေတော့ပဲ သူစိတ်ဝင်စားတဲ့အရာတစ်ခုခုတွေ့မှ သာခေါင်းလေးကိုထုတ်ပြီးခဏမျှ ကြည့်လိုက်သည်။

[မေးဂတ်စ်တွေရဲ့ရောင်းဝယ်ရေးဈေး ကိုသွားကြည့်ကြရအောင်အဲ့ဒီနေရာမှာ ကြည့်စရာတော်တော်လေးများလိမ့်မယ်]

အဲလ်ဗစ်ကလီလျိုကိုရုတ်တရက် ပြောလိုက်ကာခဏမျှလျှောက်လာ ကြပြီးနောက်လူတွေသွားလိုက်လာ လိုက်လုပ်နေကြသည့်ဈေးကိုရောက် ရှိလာကြသည်။

အဲလ်ဗစ်ကအခုဆိုရင်အလယ်အလတ် အဆင့်မေးဂတ်စ်တစ်ယောက်ဖြစ်လာ ပြီဖြစ်တာကြောင့်သူ့ကိုယ်ပိုင်မှော်စာ လိပ်များကိုရေးနိုင်နေပြီဖြစ်သည်။ မတိုင်ခင်ကအဲလ်ဗစ်အနေနဲ့နေ့တိုင်း အခန်းထဲမှာမှော်စာလိပ်ရေးသားနိုင် ရန်လေ့ကျင့်ခဲ့ပြီးလက်ရှိမှာအောင်မြင် မှုအသေးလေးရနေပြီလို့ဆိုနိုင်နေလေ ပြီ။လီလျိုရဲ့လည်ပင်းမှာဆွဲထားတဲ့ ချည်ထိုးပိုက်ဆံအိတ်လေးကလည်း အဲလ်ဗစ်သူ့အတွက်လုပ်ပေးထားတဲ့ သိုလှောင်အိတ်ဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now