'ဒါဆို ဘာလိုဝမ်းနည်းနေတာလဲ။အွန်းလေး ကိုပြောလေ'

'အွန်းလေး'

'ပြောလေ'

'ခမည်းတော်က ယောလ်လေး ကိုမချစ်ဘူးလားဟင်'

'ချစ်ပါတယ် ယောလ်လေး ရဲ့ ။ဘာလို့အဲ့လိုတွေးရတာလဲ'

'ခမည်းတော်က ယောလ်လေး နဲ့လည်းမကစားဘူး'

'ခမည်းတော်က အလုပ်များလို့ပါ။ခမည်းတော်က ယောလ်လေး နဲ့မကစားရင် အွန်းလေး က ယောလ်လေး နဲ့ကစားပေးမယ်လေ။လာ'

ဝမ်အွန်း မတ်တပ်ရပ်လိုက်ပြီး လက်ကို ကမ်းပေးလိုက်သည်။ဝမ်ယောလ် မော့ကြည့်လိုက်တော့ ဝမ်အွန်း က သူ့ကို လှပစွာပြုံးပြနေခဲ့သည်။

'လာလေ'

ဝမ်ယောလ် ဝမ်အွန်း လက်ကို ဆုပ်ကိုင်လိုက်၏။ဖြူစင်သော ကလေးတစ်ယောက်အဖြစ် သူ ဝမ်အွန်း ကို ချစ်ခဲ့သည်။

နောက်နေ့တွေမှာလည်း ဝမ်အွန်း အားတိုင်း ဝမ်ယောလ် နဲ့သာ ကစားခဲ့သည်။

တစ်နေ့တွင် ဝမ်ယောလ် ဝမ်အွန်း ၏ ပေါင်ပေါ်တွင် အိပ်နေတုန်း

'အွန်းလေး က ယောလ်လေး အတွက် ဒီကျောက်စိမ်းပြားလေး ဝယ်ခဲ့တာလားဟင်'

ဝမ်ယောလ် လက်ထဲတွင် အဖြူနှင့် အစိမ်းရောထားသော နဂါးပုံ ကျောက်စိမ်းပြားလေးရှိနေသည်။

'ယောလ်လေး က ဖီးနစ်ငှက်ကိုပိုကြိုက်တာ'

'ဆိုင်မှာမရှိလို့ မဝယ်ခဲ့တာပါ။နောက်ကျရင် အွန်းလေး ရှာဝယ်ပေးမယ်။ပြီးတော့'

ဝမ်အွန်း သူယူလာခဲ့သော အဝတ်ထုပ်လေးကို ဖြည်လိုက်ပြီး

'ဒီမုန့်လေ။ယောလ်လေး ကြိုက်တယ်မဟုတ်လား'

စက္ကူလေးဖြင့်ထုပ်ထားသော မုန့်သည် ဝမ်ယောလ် အရမ်းကြိုက်သော မုန့်ဖြစ်သည်။

အမှန်တော့ ဝမ်အွန်း နန်းပြင်မထွက်ရပါ။ပြည်ပက လာသောကုန်သည်တွေက ဝမ်အွန်း အတွက် ကျောက်စိမ်းပြားတွေလက်ဆောင်ပေးခဲ့တာကြောင့် သူ ဝမ်ယောလ် အတွက်ယူလာခြင်း။မုန့်ကလည်း စားဖိုဆောင်ကို လုပ်ခိုင်းထားပြီး သူယူလာခဲ့ခြင်းဖြစ်သည်။

The ThroneWhere stories live. Discover now