တဖြည်းဖြည်းနဲ့...ကျွန်တော့်ပုဆိုးကိုပါ ဆွဲချွတ်ဖို့လုပ်နေတာကြောင့်...ကျွန်တော်လည်း ကိုဘုန်းနဲ့မျက်နှာချင်းဆိုင်ကို လှည့်လိုက်ပြီး...ကိုဘုန်းရဲ့အရာကို ဒူးနဲ့ပြစ်ကျွေးလိုက်တာကြောင့်...ကိုဘုန်းအတော်လေးနာသွားပြီး...ရေခဲကပ်ပေးလိုက်ရအထိပါဖြစ်သွားတယ်...။ ပြန်တွေးရင်နဲ့တောင်..ညက ကိုဘုန်းဖြစ်သွားတဲ့မျက်နှာအမူအရာကို မြင်ယောင်လာပြီး..ရယ်ချင်လာတယ်..။

"ဟီးဟီး..."

"ရယ်နေတယ် ဟုတ်လား...
သူများကို လုပ်ထားရတော့...တော်တော်ပျော်နေတယ်ပေါ့..."

"အဟင်း...ဒါကတော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲလေ..." လို့ ပြောပြီး စားပွဲခုံရဲ့တစ်ဖက်ခုံမှာ ဝင်ထိုင်လိုက်တယ်...။ ကိုဘုန်းကတော့...ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တယ်...။

"မနက်စာကတော့...
မနေ့ကကျန်တဲ့ထမင်းကိုပဲပြုတ်နဲ့ကြာ်ထားတယ်...
ဒီမှာက ကော်ဖီ..." လို့ပြောပြီး ထမင်းကြော်ပန်းကန်နဲ့ ကော်ဖီခွက်ကို..ကိုဘုန်းရဲ့အရှေ့ချပေးလိုက်တယ်...။

"မနေ့က ကျန်တဲ့ထမင်းတွေဆိုတော့...
အသိုးတွေပေါ့...ကိုယ်မစားဘူး...
အသေးလေးလည်း မစားနဲ့..."

"ဘာလို့ မစားရမှာလဲ?...
စားမှာ...ဒီလောက်ကောင်းတဲ့ဟာကို...
ထမင်းက မသိုးသေးပါဘူး...ကျွန်တော်သေချာနမ်းကြည့်ပြီးမှ ကြော်ထားတာ...
စားရင်စား...မစားရင်တော့ မနက်စာပါအတွက် ဘာမှမရှိဘူးနော်...
နေ့လယ်စာဆိုတာကလည်း မသေချာဘူး...
မစားချင်ရင်မစားနဲ့..." လို့ပြောပြီး..ကိုဘုန်းရှေ့က ထမင်းကြော်ပန်းကန်ကို လှမ်းဆွဲလိုက်တော့...

"စားမယ်...ကိုယ်စားမယ်" ဆိုပြီး ထမင်းကြော်ပန်းကန်ကို အတင်းပြန်ဆွဲယူထားပြီး...စားနေတယ်...။ အဟင်း...လွန်းပြည့်လျှံရဲ့ လက်ရာကို လျှာလည်သွားစေရမယ်..။ လျှာလည်မလည်တော့မသိဘူး...ကျွန်တော်အရှေ့ကို ပြန်မော့ကြည့်လိုက်တော့..ကိုဘုန်း ပန်းကန်ထဲမှာ ထမင်းကြော်က မရှိတော့ဘူး...။

...............

   နေ့လယ်ရောက်တော့...ကိုဘုန်းနဲ့အတူ ဘဘုန်းဆီ သွားလိုက်တယ်...။ ဘဘုန်းဆီရောက်တော့...ဘဘုန်းကို ကန်တော့လိုက်ပြီး..ဘဘုန်းဆီက သြဝါဒခံယူပြီးမှ အိမ်ကိုပြန်လာခဲ့လိုက်တယ်...။

MY ONLY ONE (completed)Where stories live. Discover now