"မခေါ်စမ်းနဲ့ကွာ ကြက်သီးထတယ် "

"ငါ အဲ့လိုခေါ်တော့ ကြက်သီးထတယ်ပေါ့လေ မင်းဘဲကြီးက'ငယ်'လို့ခေါ်တာကျ ဘယ်လိုမှမနေဘူးလား "

"ဘာကို မင်းဘဲကြီး လဲ
မား ကြားသွားမယ် ဟျောင့်ရ "

"မကြားလောက်ပါဘူးကွ ဟဲဟဲ"

"အေး မျက်နှာပြောင်နေလိုက် "

"ဒါနဲ့ သူရော "

ပါးစပ်ကလည်း အစားမပြတ် လိုက်စပ်စုနေတဲ့ Baek

"သူ့သူငယ်ချင်းအိမ်ကိုသွားတယ် "

"ဟို Oh Sehun ဆိုတဲ့တစ်ယောက်လား "

"အေး "

"သူလည်း ရည်းစားတွေမှိုလိုပေါက်နေတာပဲ"

"တော်တော်များလို့လား"

"များတာမှ အသက်နှစ်ပြန်လောက်ရှိတယ်တဲ့"

"အော် နေပါအုန်း မင်းကဘယ်လိုသိလဲ"

"ဒီလိုပါပဲ
ငါသာ ရည်းစားထားရင်လေ သူ့ထက်ပိုများများ ထားလို့ရတယ် "

အကြီးတကျယ်တွေပြောပြီး ဘဝင်လေဟပ်နေတဲ့ရုပ်နဲ့ Baek ကို Kyung Soo ခေါင်းကို တစ်ချက်လောက်ပိတ်ရိုက်လိုက်တယ်

"ခွေးကောင် သောက်ပိုတွေပြောပြန်ပြီ"

"မရိုက်နဲ့ကွာ "

"ရိုက်တော့ဘာဖြစ်လဲ "

"စာမေးပွဲနီးပြီ စာတွေမေ့မှာစိုးလို့"

"ဟုတ်ကဲ့ပါ အကိုရယ် အရင်က စာလုပ်တယ်ဆိုတော့လေ "

ခဏတာတိတ်ဆိတ်သွားပြီးနောက်.....

"နေပါအုန်း မင်း ကာတွန်းပဲကြည့်နေတော့မှာလား"

"လာတာကြည့်နေတာလေကွာ "

"အဲဒါ ကာတွန်းလိုင်းမဟုတ်လား "

"အေးလေ "

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now