Part-1

625K 19.3K 1.3K
                                    

Zawgyi

နံနက်ခင်းရဲ့နေခြည်နုနုအောက်မှာ ကလေးငယ်များ၏ ပြေးလွှားဆော့ကစားနေသံတွေနဲ့ညံစီလျှက်။ကလေးငယ်လေးများ၏ ခိုးခိုးခစ်ခစ်ရယ်သံလေးများမှာ ကြားရသူအဖို့မပြုံးပဲမနေနိုင်လောက်အောင် ချစ်စရာကောင်းနေသည်။

'ရိပ်မြုံ'လို့ခေါ်တဲ့မိဘမဲ့ဂေဟာလေးသည် ရန်ကုန်မြို့ပြနဲ့အနည်းငယ်ဝေးတဲ့နေရာမှာတည်ရှိနေတာမို့ တိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်းရှိသည်။အခုလိုကလေးတွေဆော့တဲ့အခါမျိုးတွေမှာသာ ဆူညံတာမျိုးတွေရှိတတ်၏ဂေဟာမှာ ကလေးဦးရေလည်းသိပ်များများစားစားမရှိ။သုံးဆယ်ကျော်ဝန်းကျင်လောက်သာရှိ၏

ဒီနေ့မှာတော့ ဂေဟာကို ရန်ကုန်မြို့ထဲကလုပ်ငန်းရှင်သူဋ္ဌေးမိသားစုက ကလေးတွေအတွက်လိုအပ်တဲ့ပစ္စည်းတစ်ချို့ကိုလာရောက်လှူဒါန်းပေးမှာဖြစ်သည်။ထို့အပြင်ကလေးတွေအတွက်တစ်လစာ စားစရိတ်တာဝန်ယူပေးဖို့အတွက်ပါပြောထား၏သူဋ္ဌေးမိသားစုက ခဏနေရင်တောင်ဂေဟာကိုရောက်လာကြတော့မှာဖြစ်သည်။

ဂေဟာမှူးအပါအဝင် စေတနာ့ဝန်ထမ်းတွေကလည်းကလေးတွေအတွက်ဝမ်းသာပီတိဖြစ်ကြရသည်။ကလေးတွေကလည်းသူတို့အတွက် အလှူရှင်တွေလာမှာမို့ ပျော်ရွှင်နေကြ၏လူသူသိပ်မသိတဲ့နေရာဖြစ်တာမို့ အခုလိုအလှူရှင်တွေရောက်လာရင် ကလေးတွေအတွက်အထူးတလည်ပျော်ရွှင်ဝမ်းမြောက်ကြရသည်။ပျော်ရွှင်မြူးထူးနေတဲ့ကလေးတွေကြားထဲဘယ်လိုမှမပျော်ရွှင်နိုင်သူက အရိပ်စစ်

ဂေဟာကိုအလှူလာလုပ်မယ့် သူဋ္ဌေးကြီးမိသားစုနောက်ကို သူအပြီးလိုက်သွားရတော့မှာမို့လို့ဖြစ်သည်။သူဋ္ဌေးမိသားစုက သူ့ကို အပြီးအပိုင်မွေးစားဖို့ဂေဟာမှူးဘဘနဲ့ပြောထားပြီးပြီတဲ့။သူ အဲ့ဒီကိုလိုက်မသွားချင်ဘူး။သူ ဒီမှာပဲနေချင်သည်။မွေးကတည်းကအခုအချိန်ထိ ဒီနေရာလေးမှာသာ သူကြီးပျင်းခဲ့တာမို့လို့။

အဲ့ဒီနေ့ကသာ အဲ့သူဋ္ဌေးဆိုတဲ့ဦးလေးကြီးကိုမတွေ့ခဲ့ရင်သူအခုလို လိုက်သွားရမှာမဟုတ်။အဲ့ဒီနေ့က သူတို့ကလေးတွေ ဂေဟာရှေ့ကွင်းပြင်ကျယ်မှာ ဘောလုံးကစားနေကြခဲ့ကြတာဖြစ်သည်။ကစားနေတုန်းမှာပင် ဘောလုံးကခြံအပြင်ကိုလိမ့်ထွက်သွားခဲ့၏ထိုဘောလုံးကိုထုံးစံအတိုင်း အရိပ်ကပဲပြေးကောက်ရသည်။

I Am Your Baby's Father(ငါကမင်းကလေးရဲ့အဖေ)Место, где живут истории. Откройте их для себя