"ကိုကိုဖြေနိုင်လား...အခြေအနေကော ကောင်းလား။ သူပေးတဲ့ခေါင်းစဉ်တွေကော ကိုကို မိမိရရဆွဲလိုက်တယ်မှတ်လား။ ကိုကိုကတော်ပြီးသားပါ။ "

သူ့ဘာသာမေး၊ သူ့ဘာသာ ဖြေနေသော ထိုကောင်လေးအား နှိုင်းက ခေါင်းလေးကို လက်လေးနဲ့ပုတ်လိုက်ပြီး
"တော်တော်စိတ်ပူနေတာလား"

"စိတ်ပူတာပေါ့ မနက်က ငယ်ကလိုက်မယ်ဆိုတာကို ကိုကိုက ကျောင်းပျက်မှာဆိုးလို့မလိုက်နဲ့ဆိုလို့သာ ကျောင်းသွားရတာ။ ငယ်က ကိုကို့ကို လိုက်ပို့ပေးပြီး စောင့်ချင်တာ။"

"ဟုတ်ပါပြီဗျာ ငယ်ကျောင်းပျက်မှာ ကို မလိုလားဘူး။ စာကြိုးစားရမယ်လေ။ ခုလဲ ကို အားလုံးဖြေနိုင်တယ်လေ။.....

ငယ်ဗိုက်ဆာနေလား။ တစ်ခုခု သွားစားရအောင်နော်။"

"ဟုတ်..ကိုကို့သဘောပါ။ဟီးးး" သွားဖြူလေးများပေါ်အောင် ပြုံးပြနေသော ထိုကောင်လေးနဲ့မိမိ၏ ချစ်သူမကျ သူငယ်ချင်းမကျ အခြေအနေလေးကို သဘောကျသည်။

အစားအသောက် အရမ်းကြိုက်သော ထိုကောင်လေးကိုလဲ အသည်းယားတယ်လေ။ စားရင် ပလုတ်ပလောင်းစားတတ်သေး။ ခုလဲကြည့် ပဲခေါက်ဆွဲကို ခေါင်းတောင်မဖော်ဖူးရယ်။

"ဖြည်းဖြည်း စားလေ ။ သည်းကုန်မှာပေါ့။ "
ပြောရင်ဘေးက tissue ကို ယူသုတ်ပေးလိုက်တော့မှ

"ကြိုက်လို့ပါ။ ဒါနဲ့ ကိုကို မေမေက ညနေအိမ်လိုက်ခဲ့ဖို့ခေါ်ထားတယ်။"

ဟုတ်တာပေါ့ မိမိစာမေးပွဲအတွက် အာရုံစိုက်နေရလို့ အန်တီ့ဆီတောင်မသွားဖြစ်ဖူး။
"အင်း ကိုလိုက်ခဲ့မယ်လေ။"

စားသောက်ပြီးလို့ ပန်းခြံသွားချင်တယ်ပြောလို့ နှစ်ယောက်အတူတူ ပန်းခြံ ခုံတန်းလေးမှာထိုင်ရင် စကားတွေပြောဖြစ်ကြတယ်။

ထယ်ယောင်းလေးက စကားတွေပြောရင်း မိမိပုခုံးပေါ်ကို ခေါင်းလေးမှီထားတယ်။ သာယာလိုက်တဲ့ရှုခင်းလေးရယ်။ သူ့လေးခေါင်းကနေရတဲ့ အမွှေးလေးရယ် သိပ်ကိုချစ်ဖို့ကောင်းတယ်။

ကျွန်တော်ချစ်နေတာတော့ မငြင်းချင်တော့ဘူး။......

"မာမီရေ...ကိုကို ပါလာတယ်။"

Can't Lie (Unicode & Zawgyi)Kde žijí příběhy. Začni objevovat