စာစဉ် ၄၁ (၂၃+၂၄+၂၅)

Start from the beginning
                                    

ထိုစကားကို ကြားလိုက်လျှင်ကြားလိုက်ချင်း
စုန့် ရွှယ်ကျန်း၏မျက်နှာ ချက်ချင်း မည်းကွက်သွားသည် ။
“ဘာပြောလိုက်တယ်…။ နင်က ဒီနေ့ သိုင်းပြိုင်ပွဲမှာ
စီ မိသားစုရဲ့ ကိုယ်စား လာခဲ့တာ…ဟုတ်လား”

ရီဝမ်ဝမ် မျက်နှာတစ်ချက်လေး တွန့် မသွား ။
“ဟုတ်ပါတယ်”

“ဒါ အရမ်းရမ်းကားလွန်းတယ်”

စုန့် ရွှယ်ကျန်း ချက်ချင်းပင် ခက်ထန်လာပြီး
သူမမျက်နှာထက်တွင် လှောင်ပြောင်ရိပ်တို့  စွန်းထင်းလာသည် ။
ဒေါသအပြည့်ဖြင့် ရီဝမ်ဝမ်အား စိုက်ကြည့်လာသည် ။
ထို့ နောက်..
“အဖေ..စီ မိသားစုက ဒီတစ်ခေါက် လွန်လွန်းသွားပြီ ။ ကျွန်မတို့ တွေက ဒီသိုင်းပြိုင်ပွဲကို ရိုးရိုးသားသား၊ စိတ်ထက်ထက်သန်သန်နဲ့  ကျင်းပပေးပြီး တော့ သူတို့ ကို ၀င်ပြိုင်ဖို့  ဖိတ်ပေးခဲ့တယ် ။
ဒါကို သူမလိုလူကို လွှတ်လိုက်တယ်ဆိုတော့ ဒါ ကျွန်မတို့ ကို စော်ကားလိုက်တာပဲ”

စုန့် လီကျုံသည် ဓားအစင်းမြောက်မြားစွာဖြင့် ထိုးစိုက်တော့မည့်နှယ် ရီဝမ်ဝမ်အား စေ့စေ့စပ်စပ်ကြည့်နေသည် ။  “ဒါက…”

စုန့် ရွှယ်ကျန်း က မဲ့ရွဲ့ စွာ ပြန်ဖြေလာသည် ။
“အဖေ့ကို ပြောပြောနေတဲ့ စီရီဟန်ရဲ့ချစ်သူ ဆိုတာ ဒီတစ်ယောက်ပေါ့”

ထိုစကားကို ကြားလိုက်ပြီး စုန့် လီကျုံ၏မျက်နှာသည်လည်း ပျက်ယွင်းလာ သည် ။
“မိန်းကလေး…မင်းရဲ့ကလန်မှာ မင်း ဘယ်လောက်ပဲ အခွင့်ထူးပေး ခံနေရပါစေ ကိစ္စမရှိဘူး၊ ဒီကိစ္စကိုတော့ ကျွန်တော် အားနာပါတယ် ။
ဒီနေရာက မိန်းကလေး ဆော့ချင်တိုင်းဆော့လို့ ရတဲ့ နေရာမဟုတ်ဘူး”

စီ မိသားစု၏ထိုအမည်မရှိသောသိုင်းပညာရှင်တို့ မှာ စုန့်လီကျုံ၏ခက်ထန် သည့်စကားတို့ ကို ကြားနေရပြီး ထိုမိသားစုနှစ်စု၏သိုင်းပညာရှင်များထံမှ မထီမဲ့မြင်အကြည့်တို့ ကို မြင်တွေ့နေရလေရာ ရင်ထဲ အရှက်ရပူထူလာကြ သည် ။

“အိမ်တော်ထိန်း ရွှီ အစောက ငါတို့ ကို မိတ်ဆက်ပေးလာ ကတည်းက ငါ ပြောချင်နေခဲ့တာ ။ သခင်ကြီး ၉ က ဒီမိန်းမကို ဘာလို့  ငါတို့ ကို ဦးဆောင်ခိုင်းရတာလဲ”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now