🌿 Spring Love 47 🌿

1.5K 119 12
                                    


သမီးငယ်လေးရဲ့မျက်ဝန်းလေးတွေကကြယ်လေးတွေလိုတောက်ပနေတာမို့ Eun Byeol လို့အမည်ပေးလိုက်တာ။

"ပါးပါး သမီးလေးရေဒီကိုကြည့်ပါဦး "

မောင်တယောက်အလုပ်ရှုပ်နေလေရဲ့။သူ့သမီးကိုအနေအထားမျိုးစုံဘက်ပေါင်းစုံကနေမှတ်တမ်းတင်နေတာ။သမီးငယ်​က​ဝမ်းလျားထိုးသွားနေပြီ။ဂါဝန်တစ်ထည်ပြီး
တစ်ထည်လဲကာရိုက်လို့မဆုံးတော့။

"ပါးပါးကအဲ့လိုလား
သမီးကိုတော့မရိုက်ပေးဘူး "

အခန်းဝကနေလက်ပိုက်ရပ်ကြည့်ကာ
နှုတ်ခမ်းဆူလို့စကားနာထိုးလာသောသမီးကြီး။

"မဟုတ်ရပါဘူးဗျာ
ပါးပါးရဲ့ချစ်သမီးကြီးကိုလည်းရိုက်ပေးမယ်
ဟုတ်ပြီလား၊ခုဟာကညီမလေးဂျီမကျခင်
ရိုက်ရတာ၊သမီးကြီးကမောင်လေးကိုသွားခေါ်လာခဲ့၊အဝတ်အစားအသစ်လဲဓာတ်ပုံ
ရိုက်ကြရအောင် "

Baekhyun မနေနိုင်တော့
ပြောမှကိုဖြစ်တော့မယ်။

"မောင်တို့သားအဖတွေသိပ်အားနေကြလား
အိမ်နေရင်းကိုနော်အဲ့အဝတ်တွေလဲကြ
ပြီးရင် Baek ဘဲလိုက်ရှင်းရရော

လုပ်ကြ လုပ်ကြ ဒီကသူတို့ဌားထားတဲ့
အိမ်အကူကြီးဆိုတော့ "

အဝတ်ခေါက်နေရင်းပြောသော Baek ကိုသွားအဖြီးသားရီပြမိတော့မျက်စောင်းထိုးလေရဲ့။
တကယ်ပါဘဲပွစိပွစိပြောနိုင်လွန်းသာအချစ်လေး။

"အချစ်ကလည်းပြီးသွားရင်သူတို့အသအဝတ်အစားသူတို့ခေါက်မှာပေါ့ကွာ
သမီးကြီးနဲ့သားလေးကလိမ္မာပါတယ်"

"အမလေး
အလိုက်တသိနဲ့လုပ်ရင်တော့လိမ္မာတယ်
ခေါ်တာပေါ့ ၊မောင့်သမီးနဲ့သားကလေ
Baek အခါတရာလောက်ပြောမှထလုပ်ကြတာ၊အဲ့ကလေးတွေမောင်အရမ်းအလိုလိုက်ထားလို့ပြောမရဖြစ်နေတာ "

နောက်ဆုံးတော့ ကျွန်တော့်အပြစ်ဖြစ်သွားလေသည်။ပါးဖောင်းလေးလိမ်မိပါတယ်လက်ကိုချလိုက်တာများ။

🌿

"သမီးကြီးညီမလေးကိုကြည့်ဦး
သားငယ်ဂိမ်းကြီးဘဲနှိပ်မနေနဲ့မင်းတို့မားမားထွက်လာရင်ပါးပါးတို့ဆူခံနေရမယ် "

🌿 Spring Love 🌿Where stories live. Discover now