🌿 Spring Love 45 🌿

1.4K 127 28
                                    


Baekhyun သတိပြန်ရလာတော့သမီးလေးကို
မြင်လိုက်ရတာနဲ့တင်ခံစားခဲ့ရတဲ့ဝေဒနာတွေယူပြစ်လိုက်သလိုပျောက်သွားပြီ။

"မောင့်အချစ်ပင်ပန်းသွားရပြီ
ကျေးဇူးတင်ပါတယ်
သမီးချောလေးမွေးပေးလို့ "

ချစ်ယောက်ကျားဆီကဂုဏ်ပြုအနမ်းလေး
ကိုလက်ခံရပြီးအပြုံးတို့နဲ့တုံပြန်လိုက်သည်။
ယောက်က္ခမဆီကလည်းဂုဏ်ပြုစကား
ထပ်မံကြားလိုက်ရသေး။

ရက်မပြည့်သေးဘဲစောမွေးချလိုက်လို့သမီးလေးကိုမီးအလင်းပေးထားရတာကလွှဲပြီး
ရောဂါကင်းသည်။ကလေးကိုနို့ဦးရည်တိုက်ဖို့ခေါ်လာပေးသည်။

"ကလေးတွေများလူဖြစ်မြန်ပါ့
ကြည့်ဦး မျက်လုံးတောင်ပွင့်နေပြီ
အရင်ကများဆိုအတော်နဲ့မျက်စိမပွင့်ကြတာ
လိုက်ကြည့်နေတာ..... ''

Baekhyun ကတော့လောကသစ်ကိုရောက်ရှိကာမိမိနို့ရည်ကိုစို့ရင်းဟိုဒီလိုက်ကြည့်နေသောသမီးလေးကိုချစ်ခြင်းအပြည့်နဲ့ငုံကြည့်နေသည်။

"အာရီဂူး ပါးပါးတို့မင်းသမီးအသစ်လေးကလည်းအချောလေးဖြစ်မယ့်ပုံပါဘဲ

အချစ်ကြည့်ဦး "

နို့တိုက်နေတဲ့တချိန်လုံးသူ့သမီးကိုထိုင်ကြည့်ကာသဘောကျနေတဲ့မောင်

"အမေပြန်နားတော့လေ
Baek လည်းအဆင်ပြေနေတော့..."

"အေးပါဟဲ့
တကယ်တည်း ငါ့ကိုအတင်းနှင်လွတ်နေ
ပြန်မယ် Baek လေးရေအထိုင်အထဖြည်းဖြည်းလုပ်နော်ခွဲကြောင်းရာသတိထား
အမေမနက်ဖြန်မနက်ဟင်းချက်ပြီးလာပို့မယ် "

"ဟုတ်ကဲ့ အမေ "

"မောင်ကလည်းအမေ့ကိုကားနားအထိလိုက်ပို့ပေးဦး  .... မြန်မြန်သွားလေ "

ယောက်ကျားလုပ်သူကိုအတင်းဖင်တွန်းရတယ်။ကိုယ့်အနားကပ်လွန်းလို့ယောက်က္ခမ
ကြည့်မရဖြစ်နေမယ်။

🌿

"မားမား ညီမလေးကိုသားအသဲယားတာ
ကိုင်ကြည့်ချင်တယ် "

"မားမား သမီးလည်းချီကြည့်ချင်တယ် "

"နောက်မှချီလည်းချီကိုင်လည်းကိုင်ကြ
အခုကညီမလေးကအရမ်းငယ်လို့နုနုလေး
ကိုင်လို့မရသေးဘူး၊မားမားတောင်ဖြည်းဖြည်းချင်းချီရတာ "

🌿 Spring Love 🌿Where stories live. Discover now