🌿 Spring Love 36 🌿

2.1K 223 59
                                    

တစ်ချိန်က သူ့အပေါ်သုံးနှုန်းခဲ့တဲ့ နာမ်စား
က *မောင်*

သူတို့တွေအိပ်ပျော်နေသလောက်အိပ်မရဖြစ်နေသူက Baekhyun
နေ့လည်ကရောမနေ့ညကရောသူအချိန်အကြာကြီးအိပ်စက်ခဲ့တာ။သူအခုလိုမအိပ်ခဲ့ရတာကြာခဲ့ပြီလေ။
ကိုယ်ရောစိတ်ပါနွမ်းနယ်ပင်ပန်းနေသောသူ
အခုတော့သက်တောင့်သက်သာနဲ့နေရအဆင်ပြေတာ။

'ကျေးဇူးတင်ပါတယ် Jongin
(အရင်လိုပြန်ခေါ်ဖို့က....သူ့မျက်နှာဆီငေးကြည့်ရင်း
Baekhyun နှစ်ခြိုက်စွာပြုံးမိပြီ )

'ဟ သူကိုသာ မောင် လို့ခေါ်ရင်ဘယ်လိုတုံ့ပြန်မလည်း
တစ်ယောက်တည်းအိပ်မရလို့အတွေးနယ်ချဲ့စိတ်ကူးယဉ်မိ'

Baekhyun ဆုံးဖြတ်ချက်တွေမမှားရအောင်
အလုပ်နဲ့သက်သေ ပြမှဖြစ်မယ်။

သူ့အိမ်ကိုလိုက်လာခဲ့ပြီးပထမဆုံးညကတော့အဆင်ပြေစွာ
ကုန်ဆုံးသွားသည်။

မိုးလင်းတာနဲ့အသံလေးတွေစီစီညံညံနဲ့နေ့တစ်နေ့အစ

သမီးကြီးကိုမူကြိုပို့ရမယ်လေ

သူ့ပါးပါးကို သူငယ်ချင်းတွေကိုကြွားရမယ်လို့ပြောမဆုံးကာ
ပျော်နေတာ။

သမီးကိုကုန်းပိုးကာသားအစ်ဖနှစ်ယောက်ကတွတ်ထိုးပြောမဆုံး။သားငယ်လေးကလည်းသူ့ကိုကျတော့ကုန်းမပိုးရမလား
ဆိုကာအော်ငိုမယ့်ဟန်ပြင်။

နောက်ဆုံးတော့ Baekhyun ရဲ့တစ်ချက်လွတ်အမိန့်က
အတည်ဖြစ်သည်။သမီးကြီးကိုနှစ်ယောက်လက်တွဲသားငယ်ကို
သူကချီထား။

သမီးကြီးကျောင်းပို့ပြီးအိမ်ပြန်လာခဲ့ကြသည်။
Baek နဲ့သူ ဆွေးနွေးရမှာတွေရှိသည့လေ။

"ငါ အလုပ်ဆက်လုပ်မှာနော်
အခုခဏနားထားပေမယ့် "

"မလုပ်နဲ့လို့ကိုယ်မတားဘူး
ဒါပေမယ့်
မိသားစုကိုအချိန်ပေးဖို့ကအရေးကြီးတယ်
ကိုယ်လည်းအလုပ်ကအခုခွင့်ခဏယူထားလို့
Baek ကပါအလုပ်မအားလပ်ဘူးဖြစ်နေရင်
ကလေးတွေစောင့်ရှောက်ဖို့ကလှစ်ဟစ်သွားမယ်
ကိုယ်ငွေရေးကြေးရေးထုတ်ပြောတာမဟုတ်ဘူး။
အခုချိန်မှာ Baek အလုပ်မလုပ်တော့ရင်တောင်ရပြီ
ကိုယ်ရှာဖွေထားတာတွေနဲ့ကိုယ့်လခကလေ
ကိုယ့်မိသားစုကိုလူတန်းစေ့နေနိုင်တာထက်ပိုထားနိုင်ပြီ "

🌿 Spring Love 🌿Where stories live. Discover now