🌿 Spring Love 9 🌿

2.5K 233 29
                                    

တစ်အိပ်ရာထဲအိပ်တဲ့သူချင်းစကားတောင်တစ်ခွန်းမပြော
သောအခြေအနေကခံရခက်စေသည်။သူတောင်စကားမပြောတာကိုယ့်ဘက်ကလည်းစခေါ်စရာမလို
ဘူးလို့ Baekhyun ခံယူထားသည်။
အလုပ်ပင်ပန်းနေလို့မလိုက်လျောတာကိုကြီးကြီးကျယ်ကျယ်
စကားတွေပြောနေတာကြည့်လို့ကိုမရ။

အခန်းထဲဝင်လာအ၀တ်လဲနေတဲ့သူ့နားသမီးသွားရှုပ်နေလို့ Baekhyun လှမ်းခေါ်ထားလိုက်သည်။
အ၀တ်လဲပြီးတော့သမီးကိုခေါ်ကာအပြင်ထွက်သွားကြသည်။
ခဏနေပြန်လာကြပြီးသမီးလက်ထဲရေခဲချောင်းစားလာသည်။

"Tae Rin ရေခဲချောင်းမစားရဘူး။ရင်ကြပ်မယ်လို့ပြောထားတာမမှတ်ထားဘူးလား "

"ပါးပါး  ကစားလို့ရတယ်ပြောလို့ "

ရေခဲချောင်းစုပ်လျက်သားမပီမသပြောကာအခန်းထဲကပြေးပြီ။
ခက်တယ်။မပြောချင်လည်းပြောရအုံးမယ်။

"သမီးနဲ့ချောင်းဆိုးစာတွေမတည့်ဘူးလို့ပြောထားသားနဲ့
ဘာလို့ဝယ်ကျွေးတာလဲ။ကိုယ့်ကလေးကရင်ကြပ်ရှိနေတာကို"

" တစ်ခါတစ်လေကျွေးတာ
မြင်နေရဲ့သားနဲ့စားချင်လို့ပူစာနေတာကို "

"အဲ့ဒါဆို
ဘာလို့ကလေးကိုခေါ်သွားလဲ "

Jongin " ကျစ် တစ်ခါတစ်လေတောင်မရဘူးလား
မင်းအတော်ရစ်တာဘဲ "

Baekhyun သူ့နှုတ်ဖျားဆီကစိတ်ပျက်သလိုထွက်လာသောစုတ်သတ်သံနဲ့
မျက်နှာပေးအမူအရာကြောင့်စိတ်တိုမှုကထိန်းမရ။

"ငါဒါလေးပြောမိတာမင်းဘာဖြစ် "

" ငါ့ကမင်းလင်ပါနည်းနည်းယဉ်ကျေးပြောလို့မရဘူးလား
နားကလော်လိုက်တာ
ဟိုကောင်ကျတော့ Hyung ငါ့ကျတော့ "

" အခေါ်အဝေါ်ကိုအခုမှလိုက်ကတ်သတ်လာမပြောနဲ့
Hyung ကိုအရင်တည်းက Hyung လို့ခေါ်နေကြ
မင်းကို Jongin မခေါ်ရင် မင်းနဲ့ငါပြောနေကြ
အခုမှ .... စိတ်ရှုပ်အောင်လာမလုပ်နဲ့ကွာ
အလုပ်ပင်ပန်းလို့မလိုက်လျောနိုင်တာနဲ့
ပိုက်ဆံရှာရကလေးတစ်ဖက် ...."

"ငါကပိုက်ဆံမရှာနိုင်တဲ့ယောက်ကျားဆိုတော့လေးစားစရာ
မလိုဘူးအဲ့အဓိပ္ပါယ်လား Baekhyun
မင်းမလိုက်လျောတဲ့ကိစ္စငါအတင်းအကြပ်မလုပ်ဘူးစိတ်ချ
သိပ်ရီစရာကောင်းတာဘဲ .... ထားပါတော့လေ "

🌿 Spring Love 🌿Where stories live. Discover now