🌿 Spring Love 15 🌿

1.9K 162 9
                                    

ပထမကိုယ်ဝန်တုံးကလည်းရုတ်တရက်ကြီးယူလိုက်ရတယ်။
ပြင်ဆင်ချိန်မရှိခဲ့ပေမယ့်သားဦးကိုယ်ဝန်မို့ပြသာနာပေါင်း
သောင်းခြောက်ထောင်ကြားထဲကမွေးဖွားနိုင်ခဲ့သည်။
အခုဒီကိုယ်ဝန်ကရောဘယ်လိုလာအုံးမှာလည်း။ပြေလည်သွားဖို့သာကြိုးစားရမှာပေါ့။

ဒုတိယမြောက်ကိုယ်ဝန်မို့အရင်လိုမဟုတ်ဗိုက်ထွက်တာသိသာလိုက်တာ။ရှပ်အပွကိုလှန်ကြည့်ပြီးဟိုလှည့်ဒီလှည့်
သူကြည့်နေတာ။သမီးကိုယ်ဝန်တုံးကမှသူဝသေးသည်။
အခုကိုယ်ဝန်နဲ့သူအတော်ပိန်သည်။ဗိုက်နေရာလေးကွက်
ကာပူနေသည်။

မျက်တွင်းတွေလည်းကျ။ကိုယ့်ဘာကိုယ်ကြည့်နေရင်းနဲ့တောင်စိတ်ပျက်ဖွယ်။
အလိုလိုမျက်ရည်ကဝဲချင်လာပြန်သည်။
ခက်တော့တာဘဲ။
စိတ်အားငယ်လိုက်တာ။

*ရွှတ် မောင့်အသည်းအသက်လေးတွေရေသွားတော့မယ်*

ကျောင်းသွားခါနီး Baek နဲ့သမီးကြီးသာမကဗိုက်ထဲကပိစိလေးကိုပါတရွှတ်ရွှတ်နမ်း
မဆုံးဖြစ်နေသော မောင်

ဒီလိုကျတော့လည်း Baekhyun စိတ်ချမ်းသာရသည်။
မောင် ကသူနဲ့ကလေးတွေအပေါ်အရမ်းချစ်သည်။
ငွေကြေးမပြေလည်သော်ငြားပျော်စရာရှိနေလို့ခံသာသေးသည်။

အခုတော့ယောက်က္ခမအိမ်ပေါ်သူပြန်ရောက်နေသည်။
အကြီးမလေးကိုမူကြိုပို့ပြီးအလုပ်သို့ထွက်လာလိုက်သည်။

💬

အချစ်မတ်တပ်အကြာကြီးမရပ်နဲ့ခဏတဖြုတ်လောက်တော့ထိုင်ပေးနော်

ချစ်တဲ့ မောင် 💓

ဝင်လာတဲ့ message ကြောင့် Baekhyun ပြုံးမိသည်။ဗိုက်ကိုဖွဖွပွတ်ရင်း ကလေးလေး Appa ကလေသိပ်ပိုတာဘဲ။

ညနေကျောင်းဆင်းတာနဲ့ guide ပြဖို့ပြောထားတဲ့ဆီသွားဖို့လုပ်ရသည်။
စာပြပေးရမယ့်ကလေးကအထက်တန်းကိုအပြင်ကနေဖြေမယ့်ကျောင်းသူလေး။ကျန်းမာရေးမကောင်းလို့နားထားရတယ်ပြောသော်လည်း
စာအခြေအနေကောက်မေးကြည့်လိုက်တာမဆိုး။
စာလိုက်နိုင်သူကိုကြည့်ပေးရမှာဆိုတော့
Jongin အတွက်မဆိုးလှအဆင်ပြေသည်။

အသွားအပြန် Taxi ဖိုးပါရှင်းပေးမယ့်အပြင် Guide ကြေးကလည်းများသည်။ငွေကြေးတတ်နိုင်သူများကတော့
သားသမီးအတွက်အတော်ကုန်ကျနိုင်သည်။
စာပြရမယ့်ကလေးမလေးကလည်းစကားပြောယဉ်ကျေးကာ
လိမ္မာပုံ။အဆင်ပြေလာသောအခြေအနေကြောင့် Jongin အိမ်ပြန်လာတဲ့လမ်းတစ်လျောက်အတော်ကိုပျော်နေသည်။

🌿 Spring Love 🌿Donde viven las historias. Descúbrelo ahora