🌿 Spring Love 5 🌿

2.8K 248 13
                                    

"နောက်နေတာလား ကလေး "

ကျွန်တော်စကားအဆုံးထရီကာပြန်မေးသော Hyung

"နောက်စရာလား Hyung ရာ "

"ထားပါတော့
ကလေးတကယ်အိမ်ထောင်ပြုလိုက်မယ်မထင်ထားတာ။
ပြီးတော့ကလေးမွေးထားတယ်ဆိုတာကြီးက ...
ဘယ်လိုပြောမလဲ
Hyung တကယ် shock ရသွားတာ "

Hyung အပြောကြောင့် Baekhyun ခင်မျာမချိပြုံးသာပြုံးလိုက်ရသည်။
Hyung ကသူတို့ခင်ပြီး
မကြာခင်မှာပြည်ပကိုပြောင်းသွားတာမို့အဆက်သွယ်ပြတ်သွားခဲ့တာ။အခုသူပြောပြတာတွေနားထောင်ပြီးအံ့ဩနေတာ။

"ဒီလိုဆိုတော့လည်းဂုဏ်ပြုပေးရတာပေါ့
ကလေးမဟုတ်တော့တဲ့ကလေးအဖေလေး
အာ
ဒါနဲ့ Baekhyun လို့ပြောင်းခေါ်မှသင့်တော်မယ်
မွေးထားတာသမီးလေးမလား
Hyung တော့အခုတည်းကစာရင်းပေးထားမယ်။
သမက်တော်ပါ Baekhyun "

ဆိုင်ထဲဝယ်သူတို့ရီမောနေချိန်အပြင်ဘက်ကနေလှမ်းကြည့်
နေသောသူမှာတော့မျက်နှာပျက်ကာရယ်။

......

အမှန်အတိုင်းပြောလိုက်ပြီးပြီမို့ Baekhyun စိတ်ပေါ့သွားသည်။ Hyung ကိုစတွေ့တဲ့နေ့တည်းကမပြောမိတဲ့အပေါ်
မိမိလိပ်ပြာမလုံပေ။Hyung နဲ့တွေ့ပြီးပြန်လာတော့သမီး
လေးအတွက်လက်ဆောင်ဝယ်ပေးလိုက်သည်။
အပြန်မှာအလုပ်လုပ်ဖို့လည်းဟိုဒီဝင်စုံစမ်းရင်းနည်းနည်း
မှောင်သွားသည်။

အိမ်ထဲမ၀င်ခင်ယောက်က္ခမအပြောမခံရစေဖို့ဆုတောင်းရသည်။အလုပ်လုပ်ဖို့ Jongin ကခွင့်မပြုသော်လည်း
ယောက်က္ခမကတော့လုပ်ဖို့ခွင့်ပေးသည်။ကိုယ်လည်းလက်ဖြန့်တောင်းသုံးရတာအားနာနေပါပြီ။

"အစောကြီးပြန်ရောက်နေတာလား Jongin "

အခန်းထဲဝင်တော့သမီးလေးဘေးလှဲနေသောယောက်ကျား
ညကျမှဘဲအလုပ်ကိစ္စထပ်ပြောရမယ်။ကစားစရာအရုပ်ထုတ်
ကြီးချကာအ၀တ်လဲဖို့ပြင်နေရင်းသူတို့သားအစ်ဖဘက်ပြန
်လှည့်ကြည့်မိသည်။မိမိကိုသေချာစူးစိုက်ကြည်နေ့သောယောက်ကျား ....

"ဘာဖြစ်လို့လဲ Jongin "

"ဒီနေ့ဘယ်သွားတာလဲ
အမေပြောတော့မင်းနေ့လည်တည်းကသွားတာဆို
အိမ်ထောင်သည်တစ်ယောက်ကနေချင်သလိုနေလို့ရလား "

🌿 Spring Love 🌿Where stories live. Discover now