အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ

Start from the beginning
                                    

"ပုဝါကို အကိုကြီးအုပ်ပေးလိမ့်မယ်...အကိုကြီးကို စောင့်လိုက်ဦး"

သူ ပြောနေစဉ်အတွင်းမှာပင် တံခါးဆီမှ ဝင်လာသော အကိုကြီးအား မြင်လိုက်ရသည်။ အကိုကြီးသည် ယွီလေးဆီမှ ပုဝါအား ယူကာ သူရှိရာသို့လျှောက်လာလေသည်။

ပုဝါအား သူ၏ရှေ့ရှိ မှန်တင်ထားရာ ခုံတွင်တင်လိုက်ပြီး ဘီးတစ်ချောင်းအားယူကာ တဝက်ချထားသည့် အညိုရောင်ဆံနွယ်ရှည်များအား ဖြီးသင်ပေးလာသည်။

မှန်ထဲမှတဆင့် သူ့အား ကြည့်နေသော အကိုကြီး၏ မျက်နှာထက်တွင် ဝမ်းနည်းမှုတို့အား အထင်းသား တွေ့မြင်နေရသည်။

"အကိုကြီးရဲ့ ဟွားအော်လေး ရင့်ကျက်သွားပြီပဲ"

အကိုကြီး၏စကားအနည်းငယ်သည် သူ၏မျက်ဝန်းများအား မျက်ရည်များ ဝေ့သီလာစေသည်။

"မင်္ဂလာပွဲမှာ မငိုရဘူးလေ...ပျော်ပျော်နေရမယ်မလား...အကိုကြီး စိတ်မကောင်းအောင် မလုပ်ရဘူး"

ညင်သာစွာ ပြောလာသော အကိုကြီး၏ အသံသည် အက်ကွဲနေသည်။

ရီဟွား ချက်ချင်းနောက်လှည့်ကာ အကိုကြီးအား တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။

"အကိုကြီး ကျွန်တော် အကိုကြီးကို အရမ်းချစ်တယ်"

ကလေးကဲ့သို့ ကပ်ချွဲကာ ပြောလာသော ညီလေး၏ ကျောပြင်အား မုချန်းညင်သာစွာ ပွတ်သတ်ပေးမိသည်။ သူ၏ ညီငယ်လေးသည် သူ့အတွက် ထာဝရကလေးငယ်လေးပင်။

အမြဲတမ်း စိုးရိမ်ပူပန်ခဲ့ရသော ကလေးအား မကြာခင်တွင် တခြားသူလက်ထဲသို့ လွှဲအပ်ရပေတော့မည်။ စိတ်မချခြင်းနှင့် ဝမ်းနည်းခြင်းတို့သည် သူ၏ရင်ထဲတွင် ပြည့်လျှံလျက်။

ညီငယ်လေး မရိပ်မိစေရန် သူကြိုးစား၍ သူ၏ခံစားချက်များအား ထိန်းသိမ်းထားရသည်။ ညီလေးအား ကမ္ဘာပေါ်တွင် အပျော်ရွှင်ရဆုံး သတို့သားတစ်ယောက်သာဖြစ်စေချင်သည်။ အကောင်းဆုံးအရာတွေကိုသာ ဖန်တီးပေးချင်သည်မှာ အကိုကြီးတစ်ယောက်ဖြစ်သော သူ၏စေတနာပင်။

"အကိုကြီးလည်း ဟွားအော်လေးကို အရမ်းချစ်ပါတယ်...အကိုကြီးက ညီလေးအတွက် အမြဲအဆင်သင့်ရှိနေတယ်ဆိုတာ မမေ့နဲ့"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now