"ငယ်"

"......"

"ထတော့ ထမင်းစားမယ့် အချိန်တောင် ရောက်နေပြီ"

"အွန်း"

"ထတော့ အိပ်ရေးမှ ဝရဲ့လား သခင်လေး ခဗျား"

"မောင်နော်"

"ဟောဗျာ မောင်က အကောင်းနဲ့ ေမးတာကို"

"ပြီးသွားပြီလား အလုပ်တွေက"

"အင်း ပြီးပြီ ထမင်းစားပြီးရင် Siteထဲ တခါတည်းသွားမယ် "

"အင်းအင်းးး..ပြီးရော"ဆိုကာ သူ့ရဲ့ ဆံပင်တွေအား ကျွန်တော့်  Computerကို မှန်အဖြစ်သုံးပြီး ကြည့်နေလေသည်။

"ငယ်ကွာ ဘာလို့ အဲ့လောက်ပြင်နေ​လဲ "

"ဟာ မောင်ကလည်း ငယ်က အခုမှ အိပ်ရာနိုးလာတာလေ မောင်ကျတော့ Smartကျနေပြီး ငယ်ကျတော့ ဖရိုဖရဲဆို တရားသလား"

"ကဲ မောင့်ကိုပဲကြည့် ငယ့်ရဲ့ မျက်လုံးတွေကလေ တခြားနေရာမှာ အာရုံစိုက်နေတာကို မောင်မ ကြိုက်ဘူး ကြည့်ချင်ရင် မောင့်မျက်နှာပဲ  အာရုံစိုက်ပြီကြည့် "လို့ ပြောလိုက်တော့ ကျွန်တော် လှမ်းလက်စ လက်ကို ဖမ်းကိုက်လေသည်။

"တော်တော်တက်နေလား မောင် ပြောပါဉီး အဲ့စကားတွေကို ဘယ်ရည်းစားဟောင်းက သင်ပေးတာလဲပြော"

"အိုဟိုး မောင့်ရဲ့ ရည်စားဟောင်းကလည်း ငယ်ပဲ လက်ရှိရည်းစားလဲ ငယ်ပဲ အနာဂတ်ရဲ့ ခင်ပွန်းလောင်းကလည်း ငယ်ပဲ"

"ပြောလို့ရမလား အရင်က ရည်းစားတွေကများ အဲ့လိုလေး ပြောပါလား ကိုကိုရယ်တို့ ကလေးလေးရယ်တို့ "

"ပြွစ်.....အဲ့ နှုတ်ခမ်းလေးကလေ ပြောချင်ရာ ပြောနေတာပဲလား ငယ် ဘယ်အချိန်ကတည်းကများ ပြောချင်တာတွေ စဉ်းစားထားတာလဲဟမ် မောင် အသည်းယားရင် ကိုက်ပစ်လိုက်မှာ မောင်လည်း ငယ့်လိုပဲ သွားယားတတ်တယ်နော်"

"မောင်က ငယ့်ကို ကိုက်ရက်တယ်ပေါ့"

"အမျိုးမျိုးပါပဲလား ငယ်ရယ် သရုပ်ဆောင်လုပ်ပါလား"

"မောင်နော်"

"မောင် ဘာလုပ်လို့လဲ"

"ေတာ်ပြီတော်ပြီ မောင်နဲ့မပြောတော့ဘူး ထမင်းပဲ သွားစားတော့မာ်"ဆိုကာ ထွက်ဖို့ လုပ်နေတဲ့သူအား

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now