အတွေးတွေထဲမျောနေရင်း လက်ကတဖြည်းဖြည်းတုန်လာတော့တယ်

"ငယ် "

"ဟင်.. ဟင် "

အထစ်ထစ်အငေါ့ငေါ့နဲ့ထူးရင်း လှည့်ကြည့်လာတဲ့ Kyung Soo မျက်ဝန်းထဲမှာ မျက်ရည်ကြည်လေးတွေ အဝိုင်းသားနဲ့

"ငယ် ကငိုတော့မလို့လား "

"မငိုပါဘူး အမှုန်.. ဟုတ်တယ် အမှုန်ဝင်သွားလို့ပါ "

"ကိုကို့ ကိုပြ ဒီဘက်လား "

Yeol. Kyung Soo မျက်နှာလေးကို ဖွဖွကိုင်ပြီး ဘယ်ဘက်မျက်လုံးနားကို လက်နဲ့ထိကြည့်တော့ တုပ်တုပ်မှမလှုပ်ငြိမ်နေတယ်

"ငယ် "

"ဟင်.. ရတယ် ကိုကို ငယ် အဆင်ပြေသွားပြီ "

Kyung Soo မျက်နှာကိုအမြန်လွှဲရင်း အကြည့်ကိုပါရှောင်လိုက်တယ်

^ဟူး... ကိုကိုကလည်း ဘယ်လိုတွေလာကြည့်နေတယ်မသိဘူး ကလိကလိတွေဖြစ်နေပြီ^

"အယ် ကိုကို "

"ပြောလေ ငယ် "

"ငယ် မုန့်စားပြီးမှပြန်နော် မား မုန့်အခွံတွေတွေ့ရင် အဆူခံရလိမ့်မယ်
ကိုကို ဒီမှာပဲနေရမှာနော် မားဆီကိုမသွားရဘူး "

"အင်းပါ ငယ် ရဲ့ "

"ဟုတ် "

^ဒီမုန့်ခွံလောက်က Doh Kyung Soo အတွက်ပါးပါးလေးပဲ တီလေးကိုလွှင့်ပစ်ပေးပါ လို့ပြောရတာ တစ်ခါနှစ်ခါမှ မကတော့တာ
မားတွေ့သွားရင်လည်း ဒီတစ်ခါနောက်ဆုံးပါပေါ့
ကိုကို့ နဲ့ခနဖြစ်ဖြစ် အတူရှိဖို့ ဒီလိုပဲကြံတတ်ရမယ်လေ တော်လိုက်တဲ့ငါလေး^

"ငယ် ဘာတွေပြုံးနေတာလဲ "

"ဟမ် "

Kyung Soo အတွေးလွန်ပြီး ပြုံးမိမှန်းတောင် မသိလိုက်ဘူး

^ကိုကို ကအဲ့လိုအသေးအမွှားကစ ဂရုစိုက်တတ်တာ ညီအကိုတွေလိုပေါ့^

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now