"မဖြစ်ပါဘူး...မင်းပါတော့ ကိုယ်လည်းအဖော်ရတာပေါ့...
ညစာလည်းမလွတ်တော့ဘူးပေါ့..."

ကျွန်တော်နားကိုကပ်ကာ..တိုးတိုးလေးပြောလိုက်တဲ့စကားကြောင့်..ကျွန်တော်ကြက်သီးတောင်ထသွားတယ်..။
အဖိုးလည်းရှိနေတာကို..ကိုဘုန်းတော်တော်အရှက်မရှိတာပဲ...အဖိုးမကြားလောက်ဘူးလို့တော့ထင်တာပဲ...
ကြားသာကြားသွားလို့ကတော့...အမယ်လေ..ရှက်လိုက်တာနော်...

"အဟမ်း...မင်းတို့က ဘယ်နေ့သွားမှာလဲ?..." ဆိုပြီး..ချောင်းဟန့်သံဖြင့် မေးလိုက်တော့မှ..ကိုဘုန်းက ကျွန်တော့်ကို ကြည့်နေရာမှ အဖိုးဘက်ကိုလှည့်ပြီး စကားပြန်ပြောတယ်...

"နောက်တစ်ပတ်မှပါ..ဖိုးဖိုး..."

"သြော်...အေးအေး...
ဆက်စားကြ..."

"ဟုတ် ဖိုးဖိုး..."

...........

"ကိုဘုန်း...ကျွန်တော်လိုက်ခဲ့လို့ ဖြစ်ရောဖြစ်လို့လား..."

ထမင်းစားပြီးလို့ အခန်းထဲရောက်တော့...ကျွန်တော်လည်း လုပ်စရာကျန်သေးတဲ့အလုပ်တွေကို လုပ်နေရင်း...TVကြည့်နေတဲ့အသေးလေးက ချောင်းသာသွားမယ့်ကိစ္စကို ပြောလာတယ်..

"ရပါတယ်...ဘာလို့မရရမှာလဲ?...
အခုသွားရမယ့်အလုပ်က...အသေးလေးယောက်ျားရဲ့companyအလုပ်ကိစ္စအတွက် သွားရတာလေ...အသေးလေးလိုက်လို့မရဘဲနေမလား...လျှောက်မတွေးနေနဲ့..."

"ဟာ....ကိုဘုန်းကလည်း..."

"ကိုဘုန်းက မလဲနေနဲ့...
မအိပ်သေးဘူးလား...
ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ဦး...
သေးသေးလေးဖြစ်နေပြီ...အိပ်ရေးဝဝအိပ်ပြီး အစားကိုကောင်းကောင်းစားလေ...
မသိရင် ကိုယ်က အနိုင်ကျင့်နေလို့ အိပ်ရေးတွေပျက်ပြီး ပိန်နေတယ်လို့ ထင်ကြဦးမယ်..."

"ကျွန်တော်က ကိုဘုန်းပြောသလောက်လည်း..မသေးပါဘူးနော်...
အရင်ကတည်းက ဒီခန္ဓာကိုယ်ပဲ...
သူ့ဘာသာတက်မလာတာ...ဟွန်း...
အို...တချို့ဝတဲ့သူတွေတောင် ဝိတ်ချနေတဲ့ခေတ်မှာ...ကျွန်တော်က စားသမျှအဆီမဖြစ်တဲ့ နတ်သားလေး ဖြစ်နေတာလေ...ဟွန့်..."

"နတ်သားလေး...ဟုတ်လား..ဟား...ဟား...
အသေးလေး...ကိုယ်မင်းကို ဟာသပြောတတ်လ်ိမ့်မယ်လို့ ကိုယ်မထင်ထားဘူး..ဟား..ဟား.."

MY ONLY ONE (completed)Where stories live. Discover now